Saturday, May 15, 2010

ခေါက်ဆွဲကြော်



မနက်စာ ဘာစားရင်ကောင်းမလဲဆိုတာ နေ့တိုင်း အမြန်စဉ်းစားရတဲ့ ကိစ္စတစ်ခုပါ။ မြန်မြန်မစဉ်းစားရင် မနက်စာကနေ နေ့လည်စာဖြစ်သွားမှာ စိုးလို့။

အဲဒီ့နေ့က ရေခဲသေတ္တာထဲမှာလည်း ကညွတ်၊ ဘိုစားပဲသီး၊ မှိုနဲ့ ရန်ကုန်က ပို့ထားတဲ့ ၀က်သားဒုတ်ထိုးတွေ ရှိနေတာကြောင့် ခေါက်ဆွဲကြော် ကြော်စားဖြစ်သွားတယ်။

ဘယ်တော့မှ သူ့အဆင့်အတိုင်း မချက်တဲ့ကျမ ထုံးစံအတိုင်း အလွယ်နည်းလိုက်ပြီး အိုးကို ပူအောင်လုပ်၊ ပူရင် အရွယ်တော် လှီးထားတဲ့ ၀က်သားဒုတ်ထိုးတွေကို ထည့်ကြော်၊ ဒုတ်ထိုးမှာက အရည်လေး နဲနဲပါတော့ အဲ့ဒါပါထည့်လိုက်တယ်။

ပြီးတော့ ကညွတ်၊ ဘိုစားပဲသီး နဲ့ မှိုကို ရေဆေးပြီး လှီးဖြတ်ထားတာလေးကို ထည့်လိုက်တယ်။ အရသာအတွက် ဆားနဲ့ ပဲငံပြာရည် အနေတော်ထည့်ပြီး ကျက်တဲ့အထိကြော်လိုက်တယ်။

ပြုတ်ထားတဲ့ ခေါက်ဆွဲ ရေစစ်ထားပြီးသားကို ထည့်ပြီး အရသာဝင်သွားအောင် နှံ့နှံစပ်စပ်မွှေလိုက်ပြီးတဲ့အခါမှာတော့ မွှေးကြိုင်နေတဲ့ ခေါက်ဆွဲကြော် တစ်အိုး ရပါပြီ။

No comments:

Post a Comment