Saturday, May 15, 2010

ဆူရှီ



အိမ်မှာရှိသမျှ လူအကုန် ဆူရှီကို ကြိုက်ကြတော့ အကုန်အကျသက်သာအောင်နဲ့ ၀၀လင်လင်စားရအောင်ဆိုပြီး အိမ်မှာလုပ်စားဖြစ်တယ်။

အိမ်တွင်းဖြစ် ဆူရှီလုပ်ရတာ အင်မတန်လွယ်ပါတယ်။ ကျမကတော့ အရသာရှိအောင် ထမင်းကို ဆီနဲ့ဆားထည့်ပြီး နယ်လိုက်တယ်။ ပုံမှန်ကတော့ ဘာမှထည့်မနယ်ပါဘူး။

နယ်ပြီးသား ထမင်းကို ရေညှိရွက်ပေါ် ဖြန့်ပြီးခင်းပါတယ်။ ထမင်းကို မနည်း မများ ပြန့်ပြန့်လေးထည့်ပြီး လိပ်ပါတယ်။ အဆုံးဘက်နားမှာတော့ ထမင်း မထည့်ပါဘူး။ အနားသတ်ဖို့ ချန်ထားတာပါ။



ပြီးရင် ဓါးထက်ထက်နဲ့ အရွယ်တော်လှီးပြီး ဈေးက ၀ယ်ထားတဲ့ အသင့်စား ရေညှိသုပ်ကို အပေါ်ကတင်လိုက်တဲ့အခါမှာ စားချင်စဖွယ် ဆူရှီလုပ်ခြင်း ပြီးစီးသွားပါပြီ။ အဲဒီ ရေညှိက ဆံပင်အတွက်ကောင်းတယ်လို့ အစ်မတစ်ယောက်က ပြောလို့ ဆိုင်မှာစားတိုင်း အဲဒါကို မှာဖြစ်တယ်။ ကြိုက်လည်း ကြိုက်လို့ပါ။



နောက်လုပ်ဖြစ်ရင် တစ်ခြား အဆာပလာတွေ ထည့်ထားတဲ့ ဆူရှီလေးတွေ ဆက်တင်ပါမယ်။

No comments:

Post a Comment