Saturday, May 22, 2010

ကောက်ညှင်းပေါင်း၊ နှမ်းထောင်းနှင့် အကြော်



ဒီနေ့ စနေနေ့မို့ ရုံးသွားစရာမလိုတော့ မနက်စာ အေးအေးဆေးဆေး လုပ်ဖို့ အချိန်ရလို့ ကောက်ညှင်းဆန်တွေ ရှိနေတာနဲ့ ကောက်ညှင်းပေါင်းလိုက်တယ်။ ပေါင်းတယ်ဆိုပေမယ့် ထမင်းပေါင်းအိုးနဲ့ ပုံမှန်ရေထည့်သလောက်ပဲ ထည့်ချက်လိုက်တာပါ။



ဟိုး ပဝေသဏီကတည်းက ဝယ်ထားတဲ့ နှမ်းနက်လည်း အဆင်သင့်ရှိနေတော့ နှမ်းကို လှော်ပြီး၊ ထောင်းထားလိုက်တယ်။ ကောက်ညှင်းပေါင်းက နှမ်းထောင်းလေးနဲ့မှ စားလို့ ကောင်းတာဆိုတော့လေ။



မနေ့က ကြက်သွန်နီဆီချက် ချက်ထားတာလည်း ရှိနေတော့ ကြက်သွန်နီကြော်လေးနဲ့လည်း တွဲစားလို့ ရတယ်။





အကြော်ကို ပြောင်းဖူးပဲ ကြော်လိုက်တယ်။ မစားဖြစ်တာ ကြာပြီမို့လို့။ အရင်ကလည်း ပြောင်းဖူးကြော်အကြောင်း ရေးဖူးပါတယ်။ ဒီတစ်ခါတော့ ပိုလွယ်အောင် ပြောင်းဖူးအစေ့ခြွေ၊ အကြော်မှုန့် သင့်ရုံထည့်၊ ရေနဲနဲထည့်၊ ဆားထည့်ပြီး ဆီပူအိုးထဲ တစ်ချပ်ပြီး တစ်ချပ်ထည့်ကြော်လိုက်ပါတယ်။ ရေသိပ်များသွားရင် ကြော်တာ သိပ်အဆင်မပြေတတ်လို့ နဲနဲပဲ ထည့်ပါ။



အားလုံးပြီးတော့ ကော်ဖီတစ်ခွက်နဲ့ ကောက်ညှင်းပေါင်း၊ နှမ်းထောင်း၊ ဆီချက်၊ ပြောင်းဖူကြော်လေးနဲ့ မနက်စာကို ဇိမ်ယူသုံးဆောင်လိုက်ပါတယ်။

No comments:

Post a Comment