Saturday, May 15, 2010

ပုစွန်ဟင်း



လိုအပ်သော ပါဝင်သည့် ပစ္စည်းများ

ပုစွန် - ကီလိုဝက်
ကြက်သွန်နီ - နှစ်ဥ (အရွယ် အလတ်)
ကြက်သွန်ဖြူ - သုံးမြှောင့်
ခရမ်းချဉ်သီး - ၂လုံး
ဂျင်း - လက်တစ်ဆစ်
ငရုတ်သီးစိမ်း - သုံးတောင့်
ငရုတ်သီးအရောင်တင်မှုန့် - တစ်ဇွန်းခွဲ (ထမင်းစားဇွန်း)
ငံပြာရည် - တစ်ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
အချိုမှုန့် - အနည်းငယ်

၁။ ပုစွန်ကို ရေစင်အောင် ဆေးပါ။ ခေါင်း၊ အခွံနဲ့ အညစ်အကြေးတွေ ဖယ်ပါ။

၂။ ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအရောင်တင်မှုန့်ကို ရောပြီး ညက်အောင်ထောင်းထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

၃။ ထောင်းထားတာတွေထဲက တစ်ဇွန်းလောက်ယူပြီး ဆား၊ အချိုမှုန့်၊ ငံပြာရည်တို့နဲ့ ပုစွန်ကို ရောနယ်ပြီး ခဏထားပါ။

၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ဟင်းအနှစ်တွေကို ဆီသတ်ပါ။

၅။ ပြီးရင် ပုစွန်ကို ထည့်ပြီး မွှေပါ။ အိုးမကပ်ခင် ရေအနည်းငယ်ထည့်ပြီး ဟင်းအိုး အဖုံးပိတ်ထားပါ။ ဆီပြန်လာရင် ရပါပြီ။

တော်တော်လေး စားမြိန်တဲ့ မြန်မာဟင်းတစ်ခွက်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

ချွင်းချက်။ ။ အစပ်မစားနိုင်သူများ ငရုတ်သီးစိမ်းကို ထည့်မထောင်းပါနဲ့။

No comments:

Post a Comment