Tuesday, May 25, 2010

မှို၊ ပဲသီး၊ ဝက်သားလုံးကြော်



မနေ့က ကြော်ထားတဲ့ ဝက်သားလုံးတွေရှိတာနဲ့ ဟိုတစ်နေ့က ဝယ်ထားတဲ့ မှိုနဲ့ ဘိုစားပဲသီးကို ရောပြီး ဟင်းတစ်ခွက်ဖြစ်အောင် ကြော်လိုက်ပါတယ်။

အရင်ဆုံး ဘိုစားပဲသီးကို ရေဆေးပြီး ဘေးက အမျှင်တွေ သင်ပါတယ်။ အမျှင်တွေ မဖယ်ရင် စားတဲ့အခါ ရင့်သလို ဖြစ်လို့ပါ။ ပြီးရင် ပဲသီးတွေကို ခပ်စောင်းစောင်းအနေနဲ့ တစ်ဝက်စီ ပိုင်းလိုက်ပါတယ်။

ရေဆေးပြီးသား မှိုကို တစ်စောင်းအနေနဲ့ ခပ်ပါးပါးလှီးထားပါတယ်။

ဝက်သားလုံးတွေကိုလည်း လေးပိုင်းလောက် ဒေါင်လိုက်လှီးထားပါတယ်။ အလုံးလိုက်ဆိုရင် အသီး၊အရွက်တွေနဲ့ မသမမှာစိုးလို့ပါ။

ဆီအိုးတည်ပြီး ဝက်သားကို အရင်ထည့်ကြော်ပါတယ်။ ခပ်ကြွတ်ကြွတ်အနေရရင် ပဲသီးနဲ့ မှိုကို ထည့်၊ ရေနည်းနည်းထည့်၊ ပဲငံပြာရည် အကြည် နည်းနည်းထည့်ပြီး ရောမွှေကြော်ပါ။

ပဲသီးနဲ့ မှိုကျက်ပြီး ရေခန်းလို့ ဆီနည်းနည်းပြန်လာပြီဆိုရင် မီးပိတ်ပြီး အဖုံးခဏအုပ်ထားပါ။ ၁မိနစ်လောက်နေရင် မွှေးကြိုင်ပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. THANK YOU ပါခင်ဗျာနောက်လည်းများ၂ ချက်နိုင်ပါစေ

    ReplyDelete