Monday, May 24, 2010

ခေါက်ဆွဲပြုတ်



ပြီးခဲ့တဲ့ စနေနေ့က နေ့လည်စာစားတာ နောက်ကျသွားတာနဲ့ ညစာစားဖို့ ဗိုက်ဆာတဲ့အချိန်က ၇နာရီ၊ ၈နာရီလောက် ရှိနေပြီ။ အဲ့ဒါနဲ့ လွယ်လွယ်ကူကူ ခေါက်ဆွဲပြုတ်ပဲ စားတော့မယ်လို့ တိုင်ပင်ပြီး သဘောတူလိုက်ကြတယ်။

ခေါက်ဆွဲပြုတ်ကို ဒီအတိုင်း ပြုတ်စားရတာ မကြိုက်လို့ ဘာလေး ညာလေး ထည့်ပြုတ်ဖို့ ကြည့်လိုက်တော့ ခရမ်းချဉ်သီးနဲ့ ပြောင်းဖူးကလွဲရင် ဘာမှကို မရှိဘူး။

အဲ့ဒါနဲ့ပဲ အသီးအရွက်မပါရင်တောင် ရှိတဲ့ အသားလေးတွေ ထည့်လိုက်မယ်ဆိုပြီး.. ကြက်မြစ်ကို ပါးပါးလှီး၊ ဆီပူထဲ ထည့်ကြော်၊ ဝက်သားစင်းကောနဲ့ ကြက်ဥနဲ့ ရောကြော်၊ ပြုတ်ထားတဲ့ အသင့်စား ခေါက်ဆွဲအိုးထဲထည့် ရောမွှေလိုက်တော့ သာမန်ထက် နည်းနည်းပိုကောင်းတဲ့ ခေါက်ဆွဲပြုတ် တစ်ပန်းကန် ရပါလေရော။

ခုနောက်ပိုင်း ချက်သမျှနီးပါး ဘလော့ဂ်ပေါ်တင်နေတာ အကျင့်ပါပြီး ဒီဘာမဟုတ်တဲ့ ခေါက်ဆွဲပြုတ်လေးလည်း တင်လိုက်ပါဦးမယ်ဆိုပြီး ဓါတ်ပုံရိုက်လိုက်ပါတယ်။ ချက်ခဲ့သမျှထဲက အမြန်ဆုံး စားစရာလေးပါ။

No comments:

Post a Comment