Saturday, May 29, 2010

မျှစ်ထောင်း



မနေ့က မစန္ဒကူးဘလော့ဂ်မှာ မျှစ်ထောင်းပုံထောင်းနည်းတွေ့တာနဲ့ အိမ်မှာလည်း မျှစ်သုပ်တုန်းက မျှစ်တစ်ဝက်လောက် ကျန်တာ အတော်ပဲဆိုပြီး မျှစ်ထောင်းစမ်းလုပ်ဖြစ်ပါတယ်။

မျှစ်ထောင်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ငရုတ်သီးစိမ်း ၁၅တောင့်၊ ကြက်သွန်ဖြူ ၄မြှောင့်၊ ပုစွန်ခြောက် အနည်းငယ်၊ ငပိလက်တစ်ဆစ်၊ မြေပဲဆံလှော်နဲ့ မျှစ်ပြုတ်တို့ ဖြစ်ပါတယ်။

မျှစ်ထောင်းပုံက အထက်ပါ ပစ္စည်းတွေကို တစ်မျိုးစီ အစဉ်အတိုင်းထည့်ပြီး ညက်အောင်ထောင်းပါ။ ဆားထည့်ပါ။ နှံ့ပြီဆိုရင် ပန်းကန်ထဲထည့် ဆီစိမ်းဆမ်းပြီး စားလို့ရပါပြီ။

ထမင်းပူပူ၊ ရေနွေးကြမ်းလေးနဲ့ ဒီတစ်မျိုးထဲ စားရင်တောင် တော်တော်စားမြိန်ပါတယ်။

1 comment:

  1. ကြည့်တာနဲ့စားချခင်လာပြီ

    ReplyDelete