Monday, January 24, 2011

သီးစုံဟင်း





ဒန့်သလွန်သီးတွေ့တာနဲ့ ချက်မစားဖြစ်တာ ကြာပြီဖြစ်တဲ့ သီးစုံဟင်း ချက်စားဖြစ်ပါတယ်။

သီးစုံဟင်းချက်ဖို့ လိုတာတွေက အများကြီးမို့ ဒန့်သလွန်သီး ရှိရုံနဲ့ မပြီးဘဲ တစ်ခြား အဆာပလာတွေပါ စုံအောင် ဝယ်ရပါတယ်။

ပါဝင်ပစ္စည်းတွေက..
၁။ ဒန့်သလွန်သီး
၂။ ခရမ်းသီး
၃။ အာလူး
၎။ ရုံးပတေသီး
၅။ ခရမ်းချဉ်သီး
၆။ ငရုတ်သီး
၇။ ကြက်သွန်ဖြူ
၈။ ကြက်သွန်နီ
၉။ နံနံပင် တို့ ဖြစ်ပါတယ်။





၁။ အရင်ဆုံး ဒန့်သလွန်သီး အပြင်အခွံတွေကို ဓါးနဲ့ခြစ်၊ ရေဆေးပြီး အပိုင်းလေးတွေ ပိုင်းထားပါ။

၂။ ခရမ်းသီး၊ အာလူး၊ ရုံးပတေသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ နံနံပင်တို့ကို ရေဆေးပြီး သင့်သလို လှီးဖြတ်ထားပါ။



၃။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အတုံးအသေးလေးတွေတုံးပြီး ငရုတ်သီး အရောင်တင်မှုန့်ထည့် ညက်အောင်ထောင်းထားပါ။



၎။ ချက်စရာတွေ အကုန် အဆင်သင့် ဖြစ်ပြီဆိုရင် ချက်မယ့်အိုးထဲကို နံနံပင်ကလွဲလို့ အသီးတွေ အကုန်ထည့်၊ ကြက်သွန်ဖြူ၊နီ ထောင်းထားတာထည့်၊ ဆီ ဟင်းချက်ဇွန်း တစ်ဇွန်းစာထည့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်ထည့်၊ ရေမြုပ်အောင်ထည့်ပြီး တည်ပါ။

၅။ ဟင်းရည် ပွက်ရင် အရသာမြည်းပြီး လိုရင် လိုတာဖြည့်၊ နံနံပင်အုပ်၊ အဖုံးပြန်ပိတ်ပြီး မီးပိတ်လို့ ရပါပြီ။

အချဉ် ကြိုက်တတ်ရင် မကျည်းမှည့်ရည်လေးထည့်၊ မွှေးချင်ရင် မဆလာလေးထည့်လိုက်ရင် သီးစုံကုလားဟင်း တစ်ခွက် ရပါတယ်။

6 comments:

  1. သီးစုံဟင်း ကြိုက်တယ် ဒန့်သလွန်သီးကို ငါးရံ့နဲ့ ချက်လည်း
    ကြိုက်တာပဲ။ ဒီမှာတော့ အဲ့လိုလတ်လတ်ဆတ်ဆတ်ရဖို့
    ခက်တယ် နွေရာသီမှာမှရတယ်။ ခရမ်းသီး အစိမ်းရောင်လည်း
    မတွေ့ဘူးသေးဘူး။

    ReplyDelete
  2. ခရမ်းသီးဆို ခရမ်းရောင်မှ လှတယ်ထင်တာ။ ဒီမှာ အစိမ်းရောင်ပဲ အတွေ့များတယ်။ ဒန့်သလွန်သီးကို ငါးရံ့နဲ့ချက်တာ တစ်ခါမှ မစားဖူးသေးဘူး။ နောက်တစ်ခါမှ စမ်းချက်ကြည့်ဦးမယ် အစ်မ။

    ReplyDelete
  3. သီးစုံဟင်းလေးက စားချင်စရာလေး.. ဒန့်သလွန်သီးရမလားလို့ ညနေကျရင် ကုလားဆိုင်မှာ ၀င်ရှာဦးမှ.. ခုတော့ အနံ့လေးခံပြီး ပြန်ပြီနော်..

    ReplyDelete
  4. သီးစုံပာင်းလေး လာစားတယ် မစနိုး။ ဒန့်သလွန်သီး မစားရတာ နှစ်တောင် အတော်ကြာပြီ။

    ReplyDelete
  5. သီးစုံဟင်းလေးစားချင်စရာ :)

    ReplyDelete
  6. နောက် ၃-၄ရက် အကြာမှာ ကျန်နေတဲ့ အဆာပလာတွေကို ရှင်းဖို့ ချက်တဲ့ ဟင်းရည်ကိုပါ အပျင်းနည်းနဲ့ ဒုတိယမြောက်ပုံနေရာမှာ ပေါင်းတင်လိုက်ပါတယ်။ :D

    ReplyDelete