Thursday, January 13, 2011

ထိုင်းကြက်သားကြော်



ဟင်းတွေက ဒီဟင်းတွေပဲ ပတ်ပြီးချက်မိနေလို့ အပြောင်းအလဲအနေနဲ့ ထိုင်းလို ကိုင်၊ကထျန်းဟင်း ချက်ဖြစ်ပါတယ်။ ကိုင်ဆိုတာ ကြက်၊ ကထျန်းဆိုတာက ကြက်သွန်ဖြူကို ခေါ်တာပါ။ မြန်မာလို ကြက်သား၊ ကြက်သွန်ဖြူကြော်ဆို ခေါ်ရတာ တစ်မျိုးကြီးဖြစ်နေမှာဆိုးလို့ ထိုင်းကြက်သားကြော်လို့ပဲ အလွယ်ခေါ်လိုက်ပါတယ်။

ကြက်သားအစား ဝက်သား၊ ပုဇွန်၊ ကင်းမွန်တို့နဲ့လည်း ချက်စားလေ့ရှိပါတယ်။ ပုဇွန်နဲ့ချက်တာကိုတော့ အကြိုက်ဆုံးပါ။ နောင်ကြုံမှ ပုဇွန်နဲ့ ချက်ပြီး တင်ပေးပါမယ်။

၁။ ကြက်သွန်ဖြူ ၁၀မြှောင့်ကို ထောင်းထားပါ။

၂။ ကြက်သားကို ခပ်သေးသေးတုံး၊ ပြုတ်ပြီးသား ဘဲဥအငံကို ပါးပါးသေးသေးလှီးပြီး၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ အကြော်မှုန့်အနည်းငယ်တို့နဲ့ ရောနယ်ထားပါ။ (ထိုင်းတွေကတော့ ဘဲဥအငံနဲ့ အကြော်မှုန့်ကိုမထည့်ပါဘူး။ ကိုယ့်ဘာသာကိုယ် ထည့်ချင်လို့ ထည့်လိုက်တာပါ။)

၃။ ဆီအိုးတည်ပြီး ဆီပူလာရင် အရောင်တင်မှုန့်နဲနဲထည့်၊ ထောင်းထားတဲ့ကြက်သွန်ဖြူကိုထည့်ပြီး အရင်ကြော်၊ နဲနဲညိုလာရင် ကြက်သားထည့်ကြော်၊ ကြက်သားကျက်ပြီး အနံ့မွှေးလာရင် ဟင်းကျက်ပါပြီ။ (ချက်တုန်းက အရောင်တင်မှုန့် မထည့်မိလို့ ဖြူဖတ်ဖြူရော်ကြီး ဖြစ်သွားတယ်။)

ဒီဟင်းချက်ပြီးမှ နောက်အကြံတစ်ခုရတယ်။ ကြက်သွန်ဖြူကို အရင်ကြော်၊ ဆယ်ထားပြီး ကြက်သားကို အကြော်မှုန့်နဲနဲပိုထည့်၊ ရေထည့်ပြီး တစ်ခုချင်းစီကြော်၊ ပြီးမှ ကြက်သွန်ဖြူကြော်နဲ့ရောရင် ပိုစားကောင်းမယ်ထင်ပါတယ်။ နောက်တစ်ခါမှ အဲ့လိုကြော်ကြည့်ဦးမယ်။ အဲ့ကျမှ ဒီမှာ ပုံထပ်ဖြည့်ပြီး တင်ပေးပါမယ်။ :)

5 comments:

  1. စိတ်ဝင်စားစရာဘဲ
    လုပ်စားကြည့်မယ်
    ကျေးဇူးနော်

    ReplyDelete
  2. ကြက်သားတွေ စားလို့ရတဲ့အခါ အဲလို လုပ်စားကြည့်ဦးမယ်.. :)

    ReplyDelete
  3. ရိုးရိုးလေးနဲ့စားကောင်းမယ့်ပုံလေး

    ReplyDelete
  4. ကြက်သားကြော်လေး လာစားတယ်နော် မစနိုးရေ။ ပိာုတစ်နေ့က မစနိုးက ရို့စ် ဘလော့ဂ်က စာတွေ ဖတ်လို့ မရဘူး ဆိုလို့ လာဖြေတာပါ။ ရို့စ်က ဇော်ဂျီနဲ့ပဲ ရေးထားတာပါ။ Firefox နဲ့ ဖွင့်ရင် ဖတ်လို့ ရပြီး Internet Explorer နဲ့ဆို ဖတ်မရင် အောက်ပါ နည်းအတိုင်း လုပ်ပါနော်။ အလည် ရောက်လာလို့ ကျေးဇူးပါ။

    အရင်ဆုံး notepad ကိုဖွင့်ပါ... Notepad က ကွန်ပြူတာရဲ့ All Programs ထဲက Accessories ထဲမှာ ရှိပါတယ်။

    body
    {
    font-family:Zawgyi-one;
    }
    input, select , textarea
    {
    font-family:Zawgyi-one;
    }

    ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် C > Program files > Internet Explorer > ထဲမှာ css ဆိုပြီး save လိုက်ပါ။ ပြီးတော့ IE browser ကိုဖွင့်။ Tool -> Internet option -> Accessibility ကို နှိပ်ပါ။ Ignore Font Style specified on web pages ကို check လုပ်ပါ။ Format documents using my style sheet ကို check လုပ်ပါ။ Browse လုပ်လိုက်ပါ။
    C > Internet Explorer > css ကိုရွေးလိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ OK ထပ်လုပ်ပါ..
    မြန်မာလို IE တစ်ခုလုံး Zawgyi font ဖြစ်သွားပါမယ်။ မိတ်ဆွေ တစ်ယောက်က ပြောပြတဲ့ နည်းလေးပါ။ အဆင်ပြေပါစေ။ အလည်လာခဲ့နော်။

    ReplyDelete
  5. ကျေးဇူးပါ မရို့စ်။ :)
    လာလည်တဲ့ Evy, Sunny နဲ့ မချောကိုလည်း ကျေးဇူးတင်ပါတယ်။ :)

    ReplyDelete