Wednesday, January 19, 2011

ကြက်ဟင်းခါးသီး ဝက်သား အစာသွပ်ဟင်း



ကြက်ဟင်းခါးသီးထဲကို ဝက်သား အစာသွပ်ပြီးချက်ရင် တစ်မျိုးစားကောင်းပါတယ်။ ထိုင်းဟင်းကို ကိုယ့်ဘာသာ ကြိုက်သလို ပြင်ချက်တဲ့ဟင်း ဖြစ်ပါတယ်။

၁။ အရင်ဆုံး ဝက်သားကို တောက်တောက်စင်းပါ။

၂။ ပဲကြာဇံကို ရေစိမ်ပြီး ပျော့သွားရင် ခပ်တိုတိုဖြစ်အောင် ဖြတ်ထားပါ။

၃။ ဝက်သားတောက်တောက်စင်းထဲကို ဖြတ်ထားတဲ့ ပဲကြာဇံထည့်၊ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် နယ်ပါ။



၎။ ကြက်ဟင်းခါးသီးကို လက်သုံးလုံးလောက်အရွယ် အပိုင်းလေးတွေ ပိုင်းပြီး အထဲက အစေ့တွေ ထုတ်ထားပါ။

၅။ ကြက်သွန်ဖြူ ၅မြှောင့်လောက်ကို ဓါးပြားရိုက်ထားပါ။

၆။ ကြက်ဟင်းခါးသီး အပိုင်းလေးတွေထဲကို ဝက်သားအစာသွပ်ပါ။ အရမ်းဖိသိပ်ပြီးသွပ်ရင် ကျစ်ပြီး သိပ်စားမကောင်းဖြစ်တတ်ပါတယ်။



၇။ ဆီအိုးတည်ပြီး ဆီပူလာရင် ကြက်သွန်ဖြူ ဆီသတ်၊ ပြီးရင် ကြက်ဟင်းခါးသီးတွေထည့်၊ ရေတစ်ဝက်လောက် မြုပ်အောင်ထည့်ပြီး တည်ထားပါ။ ပွက်လာရင် ဟိုဘက်၊ဒီဘက်လှန်ပြီး ထပ်တည်ထားပါ။ ရေကို လိုမယ်ထင်ရင် ထပ်ထည့်ပါ။ ကြက်ဟင်းခါးသီးနူးရင် ဟင်းကျက်ပါပြီ။

2 comments:

  1. စားချင်စဖွယ်လေး
    လုပ်တော့စားဖူးသည်
    ကြာဇံမထည့်ဖူးပါ
    ကျေးဇူး

    ReplyDelete
  2. ကြက်ဟင်းခါးသီး မစားဖြစ်တာ ကြာပြီ.. စိတ်ဝင်စားစရာလေး.. လုပ်စားကြည့်ဦးမယ်..

    ReplyDelete