Monday, January 24, 2011

ဟင်းနုနယ်၊ အာလူး၊ ဆေးဘဲဥ ကြော်



ဈေးမှာ ရှားရှားပါးပါး ဟင်းနုနယ်ရွက်တွေ့တာနဲ့ ဟင်းနုနယ်၊အာလူး၊ဆေးဘဲဥကြော် ကြော်စားလိုက်ပါတယ်။ ဒီဟင်းက ထမင်းပူပူလေးနဲ့စားရင် တော်တော်လေး စားကောင်းပါတယ်။

၁။ အရင်ဆုံး ဟင်းနုနယ်ကို အရွက်သင်၊ အရိုးတွေကို အမျှင်ဖယ်ပြီး ရေစင်အောင်ဆေးထားပါ။

၂။ အာလူးကို အခွံခွာ၊ ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ။

၃။ ဆေးဘဲဥကို လေးစိတ် စိတ်ထားပါ။

၎။ ကြက်သွန်ဖြူ နှစ်မြှောင့်လောက် ဓါးပြားရိုက်ထားပါ။

၅။ ဆီပူလာရင် ကြက်သွန်ဖြူဆီသတ်၊ ဆေးဘဲဥထည့် (ဆေးဘဲဥကို အရင်ထည့်တာက မဟုတ်ရင် အနှစ်တွေမကျက်ရင် အရမ်းအရောင်နောက်သွားမှာ စိုးလို့ပါ။)၊ အနှစ်နဲနဲကျက်ရင် အာလူးထည့်၊ ဆား၊ အချိုမှုန့်ထည့်၊ ခဏနေရင် ဟင်းနုနယ် အရိုးနဲ့ အရွက်တွေထည့်၊ ရောမွှေ၊ ပြီးရင် ရေသင့်ရုံထည့်ပြီး အဖုံးအုပ်ထားပါ။

အရည်တွေ ပွက်လို့ အငွေ့တွေ ထောင်းထောင်းထနေပြီဆိုရင် အရသာမြည်း၊ လိုရင် လိုတာ ထပ်ဖြည့်၊ ရေစပ်စပ်အနေရပြီဆိုရင် ဟင်းကျက်ပါပြီ။ (ဆားထည့်ရင် နည်းနည်းသတိထားပြီး ထည့်ပါ။ ဟင်းနုနယ်က နဂိုကတည်းက နဲနဲလေးတယ်လို့ ထင်လို့ပါ။)

No comments:

Post a Comment