Wednesday, January 12, 2011

မှို၊ကန်ဇွန်းကြော်






အရင်က ရေစိမ်ပြီး သုံးနေကျ မှိုခြောက်အမျိုးအစားကို ဈေးမှာ အစိုတွေ့တာနဲ့ ကန်ဇွန်းရွက်ကြော်တဲ့အထဲ စမ်းသုံးကြည့်တာ စားရတာ ပိုကောင်းပါတယ်။

၁။ ကြက်သွန်ဖြူ ၂မြှောင့်၊ ငရုတ်သီးစိမ်း ၂တောင့်ကို ဒါးပြားရိုက်ထားပါ။

၂။ မှိုကို အရွယ်တော် အတုံးလေးတွေ တုံးထားပါ။

၃။ ကန်ဇွန်းရွက်ကို အရိုးသတ်သတ်၊ အရွက်သတ်သတ် သင်ထားပါ။

၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ဒါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထည့်ပါ။

၅။ မှိုနဲ့ ကန်ဇွန်းရိုးတွေကို အရင်ထည့်ကြော်ပါ။ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါ။

၆။ မှိုနဲ့ ကန်ဇွန်းရိုးတွေ နဲနဲကျက်ပြီဆိုရင် ကန်ဇွန်းရွက်ထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထပ်ထည့်၊ မွှေပြီး ကျက်ရင် ရပါပြီ။

4 comments:

  1. မှိုကန်စွန်းလေး ကြိုက်တယ်..

    ReplyDelete
  2. ဗိုက်ဆာတယ်
    ထမင်းဖြူနဲ့ နယ်စားချင်တယ်

    ReplyDelete
  3. မှို ကန်စွန်းလေး စားသွားတယ်။ ကန်စွန်းရွက်ဆို သိပ်ကြိုက်တာ။ ဘာ အသားပာင်းမှ မပါဘဲ ကန်စွန်းရွက်ကြော်လေးနဲ့ ထမင်းဖြူကို နေ့တိုင်း စားနိုင်တယ်။ ဒီမှာတော့ ကန်စွန်း တစ်စည်းကို ထိုင်းဆိုင်မှာပဲ ၀ယ်လို့ရပြီး ဈေးကလည်း ကြီးသေးတယ်။ စကားမစပ်လေ ရို့စ် ဘလော့ဂ်ကိုလည်း အလည်လာဖို့ ဖိတ်ပါတယ်နော်း)

    ReplyDelete
  4. ကန်စွန်းရွက်လေးတွေက စိမ်းနေတာပဲ.. စားချင်စရာ...

    ReplyDelete