Saturday, July 30, 2011

အာလူးထမင်းနယ်နှင့် မုန့်ဟင်းခါး မုန့်ဖတ်သုပ်

ပြီးခဲ့တဲ့ အပါတ်က အိမ်မှာ ဆီချက်တွေ အသင့်ရှိနေတာနဲ့ အာလူးကို နူးနေအောင်ပြုတ်ပြီး အာလူးထမင်း လုပ်စားဖြစ်ပါတယ်။

အာလူးထမင်းအတွက် နူးနေအောင်ပြုတ်ထားတဲ့ အာလူးတွေကို ပါးပါးလှီးထားပြီး ထမင်းထဲကို သင့်ရုံထည့်၊ ကြက်သွန်နီ ဆီချက်နဲ့ ကြက်သွန်ကြော် သင့်ရုံထည့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သေချာနယ်၊ ပြီးရင် လုံးလိုက်ရုံပါပဲ။ ရှမ်း အာလူးထမင်းလို လုပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်ချင်သလို လုပ်ထားတဲ့ အာလူးထမင်းနယ်ကို ပဲတောင့်ရှည်လေးတွေနဲ့ တွဲဖက်ပြီးသုံးဆောင်လို့ရပါပြီ။

မုန့်ဟင်းခါး မုန့်ဖတ်သုပ်
ဒါကတော့ မုန့်ဟင်းခါးမုန့်ဖတ်ကို ကြက်သွန်နီ ဆီချက်၊ ပဲသီးစိမ်း ပါးပါးလှီး၊ အာလူး၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ ဆား သင့်ရုံထည့်ပြီး သုပ်ထားတာပါ။

ဒါကတော့ ပိုလွယ်၊ ပိုရိုးပါတယ်။ မုန့်ဟင်းခါးမုန့်ဖတ်သုပ်ကို ဘယ်လိုလုပ်လုပ် ကြိုက်ပါတယ်။ ကြက်သွန်နီ ဆီချက်၊ ပဲမှုန့်၊ ငံပြာရည်၊ ဆား သင့်ရုံနဲ့ သမအောင် နယ်ပြီး အခုလို သုပ်တာမျိုးကိုလည်း ကြိုက်တာပါပဲ။

မုန့်ဟင်းခါးမုန့်ဖတ်သုပ်နဲ့ တွဲဖက် သုံးဆောင်ဖို့ မုန့်ဟင်းခါး ဟင်းရည်ပါ။ မုန့်ဟင်းခါးချက်နည်းကတော့ အရင်ကလည်း ခဏ၊ ခဏတင်ဖူးလို့ ထပ်မတင်တော့ပါဘူးနော်။ လင့်ခ်လေးပဲ ထည့်ပေးထားလိုက်ပါတယ်။

အသုပ်တွေစားပြီး ရင်ပူနေတာ သက်သာအောင် အချိုပွဲအဖြစ် နဂါးမောက်သီးကို နို့ဆီဆမ်းထားတာပါ။ သုံးဆောင်သွားကြပါရှင်။

6 comments:

  1. အပေါ်က အာလူးထမင်းနယ်ရော.. မုန့်ဖတ်သုတ်ရော.. နဂါးမောက်သီးရော အကုန်ကြိုက်တယ်သိလား..
    ထမင်းသုပ်စားချင်နေတာကြာပီ။ အဖော်စပ်မရသေးလို့ စောင့်နေတာ..

    ReplyDelete
  2. နဂါးမောက်သီးကို နို့ဆီဆမ်းစားတယ်။ ဘုရားရေ။ တည့်လို့လား။

    ReplyDelete
  3. မကူးရေ.. ကြိုက်ရင် အကုန်စားသွားပါ။ :)

    ကိုကိုဒေးဗစ်ရေ.. တည့်ပါတယ်။ ယုံယုံကြည်ကြည် စားကြည့်ပါ။ အရသာက ချိုချိုအေးအေးလေး။

    ReplyDelete
  4. Yum...
    I am getting hungry seeing the dishes. gotta eat something now.
    Iora

    ReplyDelete
  5. အကုန်ကြိုက်တယ် ပူးပူးလဲ အကုန်စားသွားပီ ။ ဒါပေမဲ့ နဂါးမောက်သီးနဲ့
    နို့ဆီတော့မစားရဲလို့ စားချင်တဲ့သူတွေအတွက်ပြန်ချန်ပေးခဲ့ပါတယ်။
    မုန့်ဖက်သုတ်အရမ်းကြိုက်တာ လုပ်စားအုံးမယ်... :)

    ReplyDelete
  6. မစားရပ်ဘူးဗျာ...ဒါပေမယ့်စားသွားတယ်..

    ReplyDelete