Saturday, July 9, 2011

ဝက်အူဟင်း၊ ကြာစွယ်ကြော် နှင့် ငရုတ်သီးထောင်း

သူငယ်ချင်းတစ်ယောက်က အူတွေကို သေချာနူးအောင်ပြုတ်ပြီး ယူလာပေးလို့ အဲ့ဒီအူကို ဆီပြန်ဟင်း ချက်လိုက်ပါတယ်။

ဒီဟင်းက အရမ်းကို လွယ်ပါတယ်။ ပြုတ်ထားတဲ့အူတွေကို လိုချင်တဲ့အနေ လှီးထားပြီး ကြက်သွန်နီ ၃လုံး ပါးပါးလှီး၊ ဆီသတ်၊ အူထည့်၊ ငံပြာရည်ထည့်ပြီး လုံးလိုက်ရုံပါပဲ။ အရင်ကလည်း ဆီပြန်ဟင်း ချက်နည်းတွေ ခဏခဏရေးဖူးလို့ အသေးစိပ် မရေးနေတော့ပါဘူးနော်။

ကြာစွယ်ကြော်
အိမ်မှာ မုန့်ဟင်းခါးချက်ဖို့ ဝယ်လာတဲ့ ကြာစွယ်တွေ ပိုနေလို့ ကြာစွယ်ကို ဝက်သည်း၊ ကြက်မြစ်တို့နဲ့ ရောကြော်လိုက်ပါတယ်။ လျှောက်ချက်လိုက်တာဖြစ်ပေမယ့် အတော်စားလို့ အဆင်ပြေတဲ့ ဟင်းတစ်ခွက်ပါ။

၁။ ကြက်သွန်နီ တစ်ခြမ်း ကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။

၂။ ပြီးရင် ခပ်သေးသေးတုံးထားတဲ့ ကြက်မြစ်တွေ ထည့်ကြော်ပါတယ်။ ကြက်မြစ်က အကျက်နှေးလို့ ရေနည်းနည်းထည့်ပြီး ကြက်မြစ်တွေ နူးအောင် ခဏအုပ်ထားပါတယ်။

၃။ ကြက်မြစ် နူးပြီဆိုရင် အနေတော်တုန်းထားတဲ့ ကြာစွယ်တွေထည့်ပြီး ဆက်ကြော်ပါတယ်။ ရေလိုရင် ရေနည်းနည်းထည့်ပါတယ်။ ဆား၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် မွှေပါတယ်။

၎။ ကြာစွယ်တွေ ကျက်လို့ ရေခန်းပြီဆိုရင် ခပ်သေးသေးတုံးထားတဲ့ ဝက်အသဲထည့်ပြီး ခဏမွှေကြော်ပါတယ်။

ဝက်အသည်းက ခဏနဲ့ ကျက်တာမို့ ပြီးရင် ပူစီနံလေးနဲနဲအုပ်ပြီး ပန်းကန်ထဲ ထည့်ခပ်ထားလိုက်ပါတယ်။ (ပူစီနံက ရှိနေလို့ ထည့်လိုက်တာပါ။ မထည့်လည်း ရပါတယ်။)

ငရုတ်သီးထောင်း
ထမင်းမြိန်အောင် ငရုတ်သီးထောင်းလေး စားရရင် ကောင်းမှာပဲဆိုပြီး ငရုတ်သီးစိမ်း ၆တောင့်၊ ကြက်သွန်ဖြူ ၄မြှောင့်၊ ပုဇွန်ခြောက် စားပွဲဇွန်း တစ်ဇွန်းခွဲကို ဆားလေး နည်းနည်းထည့်ပြီး ထောင်းလိုက်ပါတယ်။ အရမ်းကို လွယ်သလောက် စားလို့ တကယ်ကောင်းတဲ့ ဟင်းရံကလေးပါ။ :)

7 comments:

  1. ကြာဆွယ်လေးလဲကြိုက်တယ်.. ငရုတ်သီးထောင်းကတော့မပါမဖြစ်ထမင်းမြိန် စေမှာအမှန်ဘဲ...း))

    ReplyDelete
  2. အားပါးပါး ထမင်းမြန်လိုက်မယ့်ဖြစ်ခြင်း...ဗိုက်ဆာလယ်....မမရေ.:):)

    ReplyDelete
  3. ကြာစွယ်ကို မုန့်ဟင်းခါးထဲ ထည့်ချက်လို့ရမှန်း မသိဘူး။

    ReplyDelete
  4. လာလည်တဲ့ မကူးနဲ့ အိန်ဂျယ်ကို ကျေးဇူးပါ။ :)

    မEvy: ကြာစွယ်ကို ငှက်ပျောအူ အစားသုံးကြည့်တာ သူက ပိုစားကောင်းလို့ နောက်ကြာစွယ်နဲ့ပဲ ချက်တော့တာ။ ကြုံရင် စမ်းကြည့်ပါ အစ်မ။ :)

    ReplyDelete
  5. ဒီကနေ့ ဘာဟင်းချက်ရပါ့လို့ စဉ်းစားမိတဲ့ သကာလ Snow ရဲ့ ဘလော့ဂ်လေးဖက်ကို ခြေဦးလှည့်ရောက်လာပါတယ်ကွယ်။ ချက်နည်းလေးယူပြီး ပြန်သွားပြီနော်။ ကျေးဇူးပါ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အိုး ရှယ်ပဲအကုန်ကြိုက်တယ်

    ReplyDelete
    Replies
    1. ဘီယာလေးနဲ့ဆိုပိုကောင်း

      Delete