Wednesday, May 25, 2011

မုန့်ဟင်းခါး

ဒီနေ့ အိမ်ကို သူငယ်ချင်းတွေ ရောက်လာလို့ ထမင်း၊ ဟင်းချက်ရင် ကြာနေမှာစိုးလို့ မြန်အောင် စံပြဒေါ်ကြည် မုန့်ဟင်းခါး ဟင်းရည်ထုပ်နဲ့ မုန့်ဟင်းခါးချက်စားလိုက်ပါတယ်။

၁။ ဟင်းရည်ချက်နည်းကို အထုပ်ပေါ်မှာ ပြထားတဲ့အတိုင်းပဲ ချက်ပြီး ကြက်ဥ ၃လုံးကို ပြုတ်ပြီး ပါးပါးလှီးထည့်၊ ကြက်သွန်ဖြူကြော်တွေ ထပ်ဖြည့်ထည့်ပါတယ်။

၂။ ပဲသီး ၅တောင့်ကို ခပ်သေးသေးညှပ်ထားပါတယ်။

၃။ မုန့်ဖတ်ကို အဆင်သင့် ဝယ်ထားတာ မရှိလို့ ရှမ်းခေါက်ဆွဲချက်တဲ့ ဆန်ခေါက်ဆွဲမျိုး အခြောက်ထုပ်ကို ရေစိမ်၊ ပြုတ်ပြီး သုံးပါတယ်။

၎။ ပန်းကန်ထဲကို မုန့်ဖတ်ထည့်၊ ဟင်းရည်ထည့်၊ ပဲသီးစိမ်းနဲ့ ငရုတ်သီး အလှော်မှုန့်ထည့်ပြီးရင် အတော်အသင့်စားကောင်းတဲ့ မုန့်ဟင်းခါးတစ်ပွဲကို သုံးဆောင်နိုင်ပါပြီ။

4 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)May 27, 2011 at 12:57 AM

    ပဲသီးလေးပါတော့ စားချင်စရာလေး
    စိတ်ကူးထဲမှာ မနက်ဖန် ချက်စားမယ်လို့တောင် စိတ်ကူးလိုက်မိတယ်

    ReplyDelete
  2. စားချင်လိုက်တာနော်...ဟင့် ငိုတောင် ငိုချင်တယ်မမ:):)

    ReplyDelete
  3. ချက်ရတာ အရမ်းလွယ်ပါတယ် Angle။ မုန့်ဟင်းခါးကြိုက်ရင် ချက်စားကြည့်ပါလား။ ငါးနဲ့ စပါးလင် ဝယ်လို့ရရင် အထုပ်မရှိလည်း ချက်လို့ ရတာပဲ။
    တစ်ခါတုန်းက မုန့်ဟင်းခါးကို ကိုယ့်ဘာသာကိုယ် အစအဆုံး ချက်ကြည့်ဖူးတယ်။ သိပ်မဆိုးဘူး။ စားလို့ အဆင်ပြေတယ်။
    ဝါသနာပါရင် စမ်းကြည့်ဖို့.. http://snowrecipe.blogspot.com/2011/02/blog-post.html
    :)

    ReplyDelete
  4. စပလင်လည်းမရှိဘူး ရယ်ဒီမိတ်လည်း မရှိဘူး ဘယ်လိုချက်စားရမလဲဟင်

    ReplyDelete