Monday, May 23, 2011

ကြက်ဥချဉ်ရည်ဟင်း

ဟင်းသေချာချက်မစားဖြစ်တာ ကြာပြီမို့ အရမ်းကြိုက်ပေမယ့် ချက်မစားဖြစ်တာ တော်တော်ကြာနေပြီဖြစ်တဲ့ ကြက်ဥချဉ်ရည်ဟင်းကို ဒီနေ့ ချက်ဖြစ်ပါတယ်။

၁။ ခရမ်းချဉ်သီး လေးလုံးကို အစေ့တွေဖယ်ပြီး ပါးပါးလှီးပါတယ်။ ခရမ်းချဉ်သီးအစေ့က အမျိုးသမီးတွေအတွက် အရိုးပွစေတယ်လို့ ကြားဖူးလို့ရော၊ ဟင်းစားရင် ခရမ်းချဉ်သီးအစေ့တွေကို ဝါးမိတာကို မကြိုက်လို့ပါ အမြဲဖယ်စားပါတယ်။

၂။ ကြက်သွန်နီ ဥကြီး ၂ဥကို ပါးပါးလှီးထားပါတယ်။

၃။ ငရုတ်သီးစိမ်းတွေကို မလှီးဘဲ အတောင့်လိုက် ရေဆေးထားပါတယ်။ စပ်တာ မစားချင်ရင် ဖယ်စားလို့ ရအောင်လို့။
၎။ ကြက်ဥ ၆လုံးကို ပြုတ်၊ အခွံခွာပြီး အပ်ချည်ကြိုးနဲ့ နှစ်ခြမ်း ခြမ်းထားပါတယ်။
၅။ အိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီပူရင် ကြက်သွန်နီတွေကို ခြောက်အောင် ကြော်ပါတယ်။

၆။ ကြက်သွန်နီကြော်ရရင် ငရုပ်သီး အရောင်တင်မှုန့် ဟင်းခတ်ဇွန်းနဲ့ ၁ဇွန်း၊ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးစိမ်းကိုထည့်ပြီး လိတ်အောင်ချက်ပါတယ်။

၇။ ဆား၊ အချိုမှုန့် နဲ့ ငံပြာရည် သင့်ရုံထည့်၊ မကျည်းမှည့် စားပွဲဇွန်း ၁ဇွန်းကို အရည်ဖျော်ထည့်ပါတယ်။

၈။ ဟင်းပွက်ရင် ခြမ်းထားတဲ့ ကြက်ဥတွေကို မှောက်ထည့်၊ ရေနည်းနည်းထည့်ပြီး ဆူအောင် တည်ပါတယ်။

၉။ အရသာမြည်းပြီး၊ ဟင်းက ဆီပြန်ရေကျန်လေးဖြစ်ပြီဆိုရင် ရပါပြီ။

ဟင်းထဲမှာ မကျည်းမှည့်ထည့်ချက်ထားလို့ အိုးမပေါက်အောင် ဟင်းကျက်တာနဲ့ ပန်းကန်ထဲခပ်ထည့်ထားလိုက်ပါတယ်။

ထမင်းပူပူ၊ ငါးခြောက်ထောင်းကြော်လေးနဲ့စားလို့ အရမ်းကို ကောင်းပါတယ်။

5 comments:

  1. ဗိုက်တောင် ဆာသွားတယ် :D

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)May 23, 2011 at 8:40 PM

    ဟယ် ဟုတ်ပ ကြည့်ရင် ဗိုက်တောင် အသံမြည်အောင် ဆာသွားတယ်
    ဆာလိုက်တာ တကယ်
    ထမင်းသွားစားဦးမှ

    ReplyDelete
  3. ဗိုက်ဆာလို့ ဒီမှာပဲ စားသွားလိုက်တယ်မမ:):)

    ReplyDelete
  4. စားကောင်းမယ့်ပုံပဲ

    ReplyDelete