Saturday, May 7, 2011

တို့ဟူးသုပ်


ပြီးခဲ့တဲ့အပါတ်က အိမ်မှာ ရန်ကုန်က စိန်ဖြိုးတံဆိပ် တိုဟူးမှုန့်ကို ကျိုပြီး သုပ်စားဖြစ်ခဲ့ပါတယ်။ သူများတွေက စိန်ဖြိုးတံဆိပ် တိုဟူးမှုန့်က ကောင်းတယ် ပြောကြလို့ ဝယ်ပြီး ကျိုကြည့်တာ တော်တော်လေး အဆင်ပြေပါတယ်။ မွှေးထက် ပိုကောင်းတယ်လို့တောင် ထင်မိတယ်။ တို့ဟူးကို အညွှန်းအတိုင်း ကျို၊ ခဲ ထားပြီး သုပ်စား၊ ကြော်စားနိုင်ပါတယ်။

ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတာနဲ့ ပို့စ်အသစ်တွေ မရေးဖြစ်တာတောင် တော်တော်ကြာပြီ။ ဒါပေမယ့် လုပ်စားဖြစ်သမျှကိုတော့ အကုန်နီးပါး ဓါတ်ပုံရိုက်ထားပြီး ဖြည်းဖြည်းချင်း ပို့စ်တင်မယ်လို့ ရည်ရွယ်ထားပါတယ်။

တိုဟူးသုပ်လုပ်တာက အရမ်းလွယ်ပါတယ်။

၁။ ကျိုထားတဲ့ တိုဟူး၊ ဂေါ်ဖီ၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီး ထားပါ။

၂။ ပါးပါးလှီးထားတဲ့ အဆာပလာတွေကို နယ်မယ့်ဇလုံထဲထည့်ပြီး ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူကြော် သင့်ရုံထည့်၊ သံပုရာရည် သင့်ရုံညှစ်ပြီး သမအောင်နယ်ပြီးရင် ခံတွင်းမြိန်မယ့် ဟင်းတစ်ခွက်ရပါပြီ။

3 comments:

  1. တို့ဖူးသုပ်လေး လာစားတယ် မစနိုး။ ရှောက်ရွက်လေး ထည့်သုပ်လည်း ကောင်းတယ်နော်။ တို့ဖူး သုပ်ရတာ လွယ်ပေမယ့် တို့ဖူး ဖြစ်အောင် ကျိုရတာ ရို့စ် အတွက် ခက်နေတယ်။ စမ်းလုပ်ကြည့်တာ တို့ဖူးက မခဲဘူး။ အဲ့ဒါ မစနိုး အချိန်လေး ရှိရင် အတိုင်းအတာ အတိအကျလေးနဲ့ ဘယ်လို ခဲရလဲ ရေးပေးနော်။ ကျေးဇူး။

    ReplyDelete
  2. တို့ဖူးမှုန့် ရယ်လို့တော့တခါမှ အကြားဘူးဘူး တီကတော့ မွှေးပဲမှုန့် နဲ့ပဲ ကြိုတာ သုပ်တာပဲမှုန့်မထည့်ဘူးလား
    မန်ကျည်းရေ လေးနဲ့လေ စိတ်တိုင်းကျ လို ပေါ့ ဟိ

    ReplyDelete
  3. @Rose: ဟုတ် အစ်မ။ နောက်တစ်ခါကျိုရင် သေချာဓါတ်ပုံရိုက်ထားပြီး ဘယ်လိုကျိုရလဲဆိုတာကို တင်ပေးပါမယ် အစ်မ။

    @Addy Chen: ကျဲကျဲပဲ သုပ်ချင်လို့ ပဲမှုန့် မထည့်တော့တာ။ တစ်ခါတလေ ထည့်တယ်။ တစ်ခါတလေ မထည့်ဘူး။ ပုံမှန် ဒီနည်းနဲ့ပဲ အမြဲသုပ်တယ်ဆိုတာ မရှိဘူးရယ်။ မန်ကျည်းရည်တော့ မရှိလို့ မထည့်ဘဲ သံပုရာရည်ပဲ ထည့်လိုက်တာ.. သံပုရာရည်နဲ့လည်း စားကောင်းတာပဲ။

    ReplyDelete