Sunday, April 24, 2011

ဝက်အူချောင်းကြော်သုပ်




ရန်ကုန်က ရောက်လာတဲ့ ကြော်ပြီးသား ဝက်အူချောင်းတွေကို ဒီအတိုင်း စားရတာ ရိုးလာလို့ အပြောင်းအလဲဖြစ်အောင် သုပ်စားလိုက်ပါတယ်။

၁။ ကြက်သွန်နီ ၁ဥကို ပါးပါးလှီးပြီး ရေစိမ်ထားပါတယ်။

၂။ နံနံပင် ၂ ပင်၊ ငရုတ်သီးစိမ်း ၂ တောင့်ကို ရေဆေးပြီး ပါးပါးလှီးထားပါတယ်။

၃။ စားလိုသလောက် ဝက်အူချောင်းကြော်ကို ခပ်ပါးပါး အစောင်းလိုက် လှီးထားပါတယ်။

၎။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း နဲ့ ဝက်အူချောင်းကြော်တွေကို နယ်မယ့် ပန်းကန်ထဲထည့်၊ ကြက်သွန်ဖြူကြော် သင့်ရုံထည့်၊ သံပုရာသီး ၁ခြမ်း အရည်ညှစ်ထည့်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်ပြီး သမအောင် နယ်ပြီးရင် ခံတွင်းမြန်စေမယ့် ချဉ်၊ ငံ၊ စပ် ဝက်အူချောင်းကြော်သုပ် တစ်ပွဲ ရပါပြီ။

4 comments:

  1. ညည်းအေ
    ဖြစ်ကတတ်ဆန်းတွေ ချက်လိုက်တာ တကယ်ပဲ

    နည်းနည်းပါးပါး အိမ်မှာ လာလေ့လိုက်အုံး
    ဟိဟိ

    ReplyDelete
  2. စကားမစပ် ဟင်းသစ်ချက်ထားတယ်နော်

    ReplyDelete
  3. တစ်ကယ်ပဲလွယ်ကူမြန်ဆန်ဟင်းလေးပဲ..မမ
    ကျေးဇူးပါနော်...

    ReplyDelete
  4. အယ်....သွားရည်ကျအောင် လုပ်တယ်ကွယ်။

    ReplyDelete