Thursday, April 7, 2011

မှိုထောင်း


မှိုထောင်းက ကျမ အနှစ်သက်ဆုံး အစားအစာတွေထဲက တစ်ခုပါ။ အခုတွေး အခုစားချင်တဲ့ အစာမျိုး။ နောင်ခိုင်မြို့ကို ရောက်တုန်းက စစားဖူးခဲ့တာ။ သူတို့ ရောင်းတာက ကျမလုပ်တာထက် အများကြီး ပိုကောင်းပါတယ်။ ကျမကတော့ စားခဲ့ရတဲ့ အရသာအတိုင်း မှန်းဆပြီးလုပ်ထားတာမို့ ပါဝင်ပစ္စည်းနဲ့ လက်ဆတွေ ကွာပါလိမ့်မယ်။

၁။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ (ဥအသေး)နဲ့ ငရုတ်သီး အစိမ်းတောင့်တွေကို ကျက်သွားအောင် လှော်ပါတယ်။ ပြုတ်ပြီး၊ ရေစစ်ပြီး ခြောက်အောင် လှော်ရင်လည်း အဆင်ပြေမယ် ထင်ပါတယ်။

၂။ ငါးသေတ္တာဗူးထဲက ငါးကို ရေဆေး၊ အရိုးဖယ်၊ ချေပြီး ခြောက်အောင် လှော်ထားပါတယ်။ ကိုယ်နှစ်သက်ရာငါးကို ဆား၊ အချိုမှုန့်သင့်ရုံ၊ ကြက်သွန်ဖြူနဲ့ ဂျင်းအနည်းငယ် ပါးပါးလှီးထည့်၊ ဆနွင်းပါလေကာလေးထည့်ပြီး ရေခန်းပြုတ်၊ အသားနွှင်ထားတာ ထည့်ရင်လည်း ရပါတယ်။

၃။ မှိုကို (စားချင်တဲ့မှိုအမျိုးအစား၊ ကောက်ရိုးမှိုတို့.. ငွေနှင်းမှိုတို့ကတော့ သိပ်နုတော့ အဆင်ပြေပါမလား မသိ။)ခပ်သေးသေးတုံး၊ ဆီပါလေကာ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ရေစပ်စပ်လေးနဲ့ ဆီကျန်၊ ရေကျန်လေး ကျက်ရုံ ချက်ထားပါတယ်။

၎။ လှော်ထားတဲ့ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးတွေကို အတတ်နိုင်ဆုံး ညက်အောင် ထောင်းရပါတယ်။ ကျမထောင်းတာတော့ သိပ်မညက်ပါဘူး။

၅။ ပြီးရင် ငါးထည့်ပြီး ဆက်ထောင်း၊ ငံပြာရည်သင့်ရုံထည့်၊ သံပုရာသီး တစ်လုံး အရည်ညှစ်ထည့်၊ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်၊ ချက်ထားတဲ့ မှိုထည့်ပြီး နဲနဲထောင်း၊ သမအောင်မွှေပြီးရင် အရမ်းကို စားကောင်းတဲ့ မှိုထောင်းကို ရပါပြီ။

6 comments:

  1. မှိုထောင်း ကို အခုမှ ကြားဖူးတာဗျ...။
    ကောင်းမဲ့ ပုံပဲဗျ... စားချင်စရာလေး..
    လာပြီး အားပေးပါတယ်ဗျ..
    ကျေးလက်သားလေး

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)April 7, 2011 at 6:18 PM

    မြင်တာနဲ့ စားကောင်းမှာ သိပါရဲ့
    စားချင်စရာလေး
    ထမင်းပူပူလေးနဲ့ စားချင်လိုက်တာ

    ReplyDelete
  3. အခုမှပဲ သိတော့တယ် အဲလိုစားရကောင်းမှန်းတောင် သိဘူးမမရ..
    အဟီး အဲလို စွယ်စုံရတာလေ...:D
    နည်းနည်းကျွေးပါလားဟင်..:P

    ReplyDelete
  4. ကဲ.. ဒီနေ့ပဲ မှိုထောင်းစားလိုက်တော့မယ်.. မှိုတွေရှိနေတာနဲ့ အတော်ပဲ.. :)

    ReplyDelete
  5. အရမ်းကြိုက်တဲ့ ဟင်းလေးပါဘဲ :)

    ReplyDelete
  6. အခုမှကြားဖူးတာ လုပ်စားဦးမယ်

    ReplyDelete