မယ်ဇလီဖူးသုပ်ကို သုပ်ပြီးသားပဲ အမြဲစားဖူးတာဆိုတော့ ကိုယ်တိုင်လုပ်တော့မှ ဘယ်လောက် အလုပ်ရှုပ်သလဲဆိုတာ သိတော့တယ်။ ဒါပေမယ့် စားလို့ တော်တော်ကောင်းလို့ အလုပ်ရှုပ်ရကျိုးနပ်တယ်လို့ ထင်ပါတယ်။
မယ်ဇလီဖူးတွေက အများကြီးမို့ အခါခါ ခွဲပြီး သုပ်စားနေလို့ သုပ်ဖြစ်သမျှနည်းတွေကို ပေါင်းတင်လိုက်ပါတယ်။
ပထမနည်းက..
၁။ ဒီမှာ မယ်ဇလီဖူးတွေကို မယ်ဇလီရွက်တွေနဲ့ပါ ရောရောင်းတာဆိုတော့ အဖူးရော၊ အရွက်ပါ ရောပြီး သုံးလိုက်ပါတယ်။ အရင်ဆုံး အရွက်အရင့်၊ အရိုးအရင့်တွေကို ဖယ်ပြီး ရေစင်အောင်ဆေးပါတယ်။ ပြီးရင် မယ်ဇလီဖူးတွေကို ၃ခါ ပြုတ်လိုက်၊ ရေလဲပြီး ထပ်ပြုတ်လိုက်လုပ်ပါတယ်။
၂။ ပြုတ်ထားတဲ့ မယ်ဇလီဖူးတွေကို ညက်လုနီးပါးဖြစ်အောင် ထောင်းပါတယ်။
၎။ မြေပဲ ဟင်းခတ်ဇွန်း ၃ဇွန်း၊ ပုဇွန်ခြောက် ဟင်းခတ်ဇွန်း ၂ဇွန်းကို ညက်အောင် ထောင်းထားပါတယ်။
၅။ ခရမ်းချဉ်သီးတစ်လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။
ဒုတိယနည်းကတော့ မယ်ဇလီဖူး ပြုတ် ထောင်းကို ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူ ၄မြှောင့်ကို ပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ နှမ်းထောင်း၊ ငံပြာရည်၊ ဆား သင့်ရုံတို့နဲ့ ရောသုပ်ပါတယ်။
မယ်ဇလီဖူးသုပ်နည်း နှစ်မျိုးစလုံး မှတ်သားသွားပါတယ်ကွယ်။ အန်တီတော့ တစ်နှစ်ကို တန်ဆောင်မုန်းလပြည့်နေ့တိုင်း တစ်ကြိမ်တော့ မှန်မှန်စားတယ်။ စားချင်စဖွယ်မြင်ကွင်းလေးတွေ ကြည့်သွားတယ်နော်။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
သိပ်ကြိုက်ပါတယ်။ သုပ်ထားတာနှစ်မျိုးလုံးစားချင်စဖွယ်။
ReplyDeleteအိုင်အိုရာ