Tuesday, June 7, 2011

ဆူကီ

အိမ်မှာ ဂတ်စ်မီးဖိုလေးနဲ့ အိုးလေးတွေ စဝယ်တဲ့နေ့တုန်းက ဖွင့်ပွဲလုပ်ကြမယ်ဆိုပြီး ဆူကီလုပ်စားဖြစ်ကြတယ်။ အိမ်မှာ ဆူကီလေးလုပ်စားပြီး သောက်ချင်တဲ့ အအေးသောက်၊ စားချင်တဲ့ အချိုပွဲစားနဲ့ ဆိုင်မှာစားတာထက် ပိုလည်း ဇိမ်ကျ၊ ဈေးလည်း ပိုသက်သာပြီး၊ သက်တောင့်သက်သာ ရုပ်ရှင်လေးကြည့်ပြီး စားလို့ရလို့ နောက်နောင်လည်း အခုလိုလုပ်စားဦးမယ်လို့ စိတ်ကူးမိတယ်။

၁။ ဆူကီအတွက် အမဲသားလုံး၊ ပဲပြားလုံးကြော်၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ကန်ဇွန်းရွက်၊ မှိုဖြူ၊ မှိုညို၊ ကြာစွယ်၊ ပြောင်းဖူး၊ ပဲကြာဆံ၊ ကြက်ဥ စတဲ့ ကိုယ်ထည့်ချင်တဲ့ အဆာပလာတွေကို အသင့်ပြင်ထားပါတယ်။
၂။ အိုးထဲကို လိုချင်သလောက် ဟင်းရည်အတွက် ရေသင့်သလောက်ထည့်တည်၊ ခနောအသားမှုန့် (သို့) အခဲ သင့်ရုံထည့်ပြီး ပွက်အောင် တည်ပါတယ်။

၃။ ဟင်းရည်ပွက်ရင် အကျက်နှေးတဲ့ အသားလုံး၊ ကြာစွယ်နဲ့ ပြောင်းဖူးထည့်၊ ပြီးရင် မှိုညိုထည့်၊ အားလုံးကျက်ပြီဆိုရင် ကျန်တာတွေထည့်ပြီး ခဏကြာရင် မီးပိတ်ထားလို့ရပါပြီ။
၎။ ဆူကီအတွက် အချဉ်ကိုတော့ Heinze ငရုတ်ဆီထဲကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ပါးပါးရိတ်ရိတ်လှီးထဲ၊ ငံပြာရည်နည်းနည်းထည့်ပြီး သုံးလိုက်ပါတယ်။

ဆူကီစားပြီး ကြိုက်နှစ်သက်ရာ အအေးသောက်ဖို့ (မျက်စိနဲ့) အအေးဗူးတွေကိုပါ တင်ပေးထားပါတယ်။ အအေးဗူးတွေက ဈေးလျှော့နေလို့ ဖြည်းဖြည်းချင်းသောက်ဖို့ တစ်ခါတည်း များများဝယ်ထားလိုက်တာ။ အအေးသောက်ပြီး နာနတ်သီးနဲ့ စတော်ဘယ်ရီသီးတွေလည်း အချိုတည်းသွားနိုင်ပါတယ်ရှင်။




3 comments:

  1. ဆူကီ ကြိုက်တယ်
    စတော်ဘယ်ရီလေးတွေက ချစ်စရာရယ်
    မစားရက်ဘူးး)

    ReplyDelete
  2. တစ်ပ်ကို တွေ ဘယ်မှာ ချနေလို့လဲ ပြောပါအုံး

    ReplyDelete
  3. @တီချမ်း - Big C တို့ Carrefour တို့မှာတော့ ဈေးချနေတယ်။ ကျန်တဲ့နေရာတွေတော့ မသိ။ ဒါတွေက တစ်ဗူးကို ၅၃ဘတ်ပဲ ပေးရတယ်။ တန်တယ်နော်။

    ReplyDelete