Saturday, June 4, 2011

ပုန်းရည်ကြီး ဝက်သားဟင်း


အိမ်မှာ သူငယ်ချင်းတွေ ယူလာပေးတဲ့ ပုန်းရည်ကြီး နှစ်ထုပ်ရှိနေလို့ ဝက်သားဝယ်ပြီး ပုန်းရည်ကြီးနဲ့ ဝက်သားဟင်း ချက်ပါတယ်။

၁။ အရင်ဆုံး ကြက်သွန်ဖြူ ၅မြှောင့်၊ ကြက်သွန်နီ ၃ဥ၊ ဂျင်း လက်တစ်ဆစ်လောက်ကို ငရုတ်သီး အရောင်တင်မှုန့် ဟင်းခတ်ဇွန်း တစ်ဇွန်းထည့်ပြီး ညက်အောင် ထောင်းပါတယ်။

၂။ ဝက်သား သုံးထပ်သားကို အနေတော်အရွယ် တုံးပြီး ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ဇွန်းတစ်ဝက်လောက်ထည့်၊ ဆား လက်ဖက်ရည်ဇွန်းနဲ့ သုံးပုံ တစ်ပုံလောက်ထည့်ပြီး နယ်ထားပါတယ်။

၃။ ပုန်းရည်ကြီးနှစ်ထုပ်ကို ဖောက်ပြီး ဟင်းချက်ရင်ထည့်ဖို့ ပြင်ထားပါတယ်။
၎။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းတွေကို ဆီသတ်ပြီး ဝက်သားထည့်လုံး၊ ပြီး ရေထည့်ပြီး ဝက်သားနူးအောင် တည်ပါတယ်။

၅။ ဝက်သား နူးသလောက်ရှိရင် ပုန်းရည်ကြီးထည့်၊ ရေလိုသလောက် ထပ်ဖြည့်ထည့်ပြီး တည်ပါတယ်။ ပွက်ရင် ပုန်းရည်ကြီး ဝက်သားဟင်း ရပါပြီ။

1 comment:

  1. အရမ်းစားကောင်းမဲ.ပုံဘဲ နော်

    ReplyDelete