Tuesday, June 14, 2011

ပဲသီး၊ ဝက်သားကြော်


ဒီဟင်းကတော့ ကျမကိုယ်တိုင်ကြော်တာ မဟုတ်ပါဘူး။ ဟင်းချက်ဝါသနာအိုး သူငယ်ချင်းတစ်ယောက် ကြော်ပေးတာပါ။ သူချက်တဲ့နည်းတွေက ကျမချက်နေကျပုံစံမဟုတ်တော့ ကျမအတွက် နည်းသစ်တွေရပါတယ်။ ကျမက ဒီဟင်းချက်ဖို့ ပဲသီးတွေကို နှစ်ပိုင်းဖြတ်ပေးပြီး ကြော်ပြီးသားဟင်းကို ဓါတ်ပုံရိုက်ရင်း ဘေးကနေ ဆားချက်လိုက်ပါတယ်။ :)

၁။ ပဲသီးတွေကို ဘေးအမျှင်သင်ပြီး နှစ်ပိုင်းဖြတ်ထားပါတယ်။

၂။ ကြက်သွန်နီ တစ်ဥကို ရှစ်ပိုင်း ပိုင်းထားပါတယ်။

၃။ ဝက်သားပါးပါးလှီးထားတာကို ဂျင်းအရည်၊ ခရုဆီ၊ ဆား သင့်ရုံနဲ့ နယ်ပြီး ခဏနှပ်ထားပါတယ်။ အဲ့လို နှပ်ထားတော့ ဝက်သားက ပိုနူးညံ့သွားသလိုပဲ။ ပိုစားကောင်းပါတယ်။

၎။ အိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီပူလာရင် ကြက်သွန်နီထည့်မွှေ၊ ခဏကြာရင် ဝက်သားထည့် ကြော်၊ ဝက်သား ကျက်ရင် ပဲသီးထည့်၊ ပဲငံပြာရည်နဲ့ ဆား သင့်ရုံထည့်ပြီး ရောမွှေပါတယ်။ နည်းနည်းကြာလို့ ပဲသီးတွေအကုန် အရောင်ပြောင်းသွားပြီဆိုရင် ဟင်းကျက်ပါပြီ။

2 comments:

  1. ကောင်းတယ် နောက်တစ်ခါ ၈ျင်းအရည်ပုလင်းနဲ့ ခရုဆီပုလင်းနဲ့ကိုပါဒါတ်ပုံရျိုက်ပြပါ.

    မဝယ်တတ်လို့ ၊

    ReplyDelete
  2. @Ma Khin Oo May: ဂျင်းရည်ကို ကိုယ့်ဘာသာကိုယ် ထောင်းပြီး အရည်ညှစ်သုံးပါတယ်။ ခရုဆီပုလင်းကိုတော့ နောင် ခရုဆီထည့်ပြီး ချက်တဲ့ဟင်းကျရင် ဒါ့ပုံနဲ့တကွ တင်ပေးပါမယ်။

    ReplyDelete