Monday, April 9, 2012

ကြက်ကြော်၊ အာလူးဟင်း အစပ်ချက်နှင့် ပန်းဂေါ်ဖီ ဟင်းနုနယ်ရွက်ကြော်

တရက်သားက အဒေါ်ပြန်သွားပြီး အစားအသောက်မမှန် ပြန်ဖြစ်နေတာနဲ့ ကိုယ့်ကိုယ်ကို နည်းနည်းပါးပါးတော့ ပြန်ပြီး ချက်ကျွေးဦးမှပါဆိုပြီး ရုံးကအပြန် ဈေးဝယ်ပြီး ချက်ပြုတ်ဖြစ်သွားပါတယ်။


အဲ့နေ့က ညစာစားနေတုန်း အစ်မက ဖုန်းဆက်တာနဲ့ ဖုန်းချအပြီး သူ့ကို ကြွားဖို့ ဓါတ်ပုံပို့လိုက်တာ အင်း.. တစ်ယောက်ထဲနဲ့ အဲ့လောက်စားနေရင် အရင်ဆိုဒ်ကို အမြန်ဆုံးပြန်ရောက်တော့မှာပဲလို့ ကောက်ချက်ပေးသွားသေးတယ်။ :D

ကြက်ကြော်



ကြက်ပေါင်တစ်ခုကို အရေစုတ်ပြီး အသားချည်းသတ်သတ် အရွယ်တော်ဖြစ်အောင် လှီးထားပြီး၊ အကြော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ကြက်ဥတစ်လုံးတို့နဲ့ ရောပြီး သမအောင်နယ်၊ ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပြီးမှ ဆီပူထဲ ထည့်ကြော်လိုက်ပါတယ်။

အာလူးဟင်း အစပ်ချက်



ကြက်သွန်ဖြူ ၅မြှောင့်၊ ငရုတ်သီးစိမ်း ၅တောင့် ညက်အောင်ထောင်းထားတာကို ဆီပူထဲထည့် ခဏဆီသတ်ပြီး အတုံးသေးလေးတွေ တုံးထားတဲ့ အာလူးသီး တစ်လုံးစာကိုထည့်၊ မွှေကြော်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် သင့်ရုံထည့်၊ ရေနည်းနည်းထည့်ပြီး အာလူးသီး ကျက်အောင် ကြော်ပါတယ်။ အာလူးကျက်လို့ ဆီပြန်လာပြီဆိုရင် အာလူးသီး အစပ်ချက် ဟင်းတစ်ခွက် ရပါပြီ။


ပန်းဂေါ်ဖီ ဟင်းနုနယ်ရွက်ကြော်



အရွက်သင်၊ ရေစင်အောင်ဆေးထားတဲ့ ပန်းဂေါ်ဖီနဲ့ ဟင်းနုနယ်ရွက်ကို ဆီပါလေရုံထည့်ထားတဲ့ အိုးထဲထည့်၊ ဆား၊ အချိုမှုန့်၊ ခရုဆီထည့်ပြီး ကြော်ထားတာပါ။

ခုတစ်လော ချက်တဲ့ဟင်းတွေထဲ ကြက်သွန်ဖြူလေးတောင် ဓါးပြားရိုက်မထည့်မိတာ များကြောင်း အခု ပို့စ်အကြွေးတွေပြန်ရေးမှ ပိုသတိထားမိတော့တယ်။ ဖြစ်ကတတ်ဆန်းတွေ သိပ်လုပ်တာပဲလို့ ပြောမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ အသံကိုတောင် ကြားယောင်မိပါတယ်။ :D

10 comments:

  1. ဟင်းတွေက စားကောင်းမယ့်ပုံလေးတွေ
    ပါးစပ်တွေခါးနေတော့ စားချင်မိတယ်

    ReplyDelete
    Replies
    1. လာအားပေးတာ ကျေးဇူးပါ မစံပယ်.. :)
      ဒီဘလော့လေးကို ပစ်ထားမိတာ ကြာပြီမို့ လာဖတ်တဲ့လူ မရှိလောက်တော့ဘူးလို့ ထင်နေတာ..။

      Delete
  2. မဆိုးဘူး များပေမယ့် စားချင်စရာလေး သက်သတ်လွတ် များများစား ကောင်းတယ်

    အာလူး စားချင်တယ် နောက်တခါလာရင် ချက်လာခဲ့နော်

    ဖြစ်ကတတ်ဆန်းကတော့ လွယ်ကူစားမြိန် ဖြစ်ကတတ်ဆန်းလို့တောင် နာမည်ပြောင်းရတော့မယ်

    ReplyDelete
  3. စားချင်ဖွယ်လေးတွေပါ..

    ReplyDelete
  4. သွား၇ည်ကျပြီးပြန်သွားပါတယ်..

    ReplyDelete
  5. စားချင်လိုက်နော်....

    ReplyDelete
  6. စားချင်လိုက်နော်....

    ReplyDelete
  7. ကျနော်လည်း အလည်လာသွားတယ်နော်...။

    ReplyDelete
  8. ဟဲဟဲ စမ်းချက်ကြည့်ဦးမယ်..

    ReplyDelete
  9. အသစ်တွေရှိရင်တင်ပေးပါ လာလည်ပါမယ် ကျေးဇူးနော်

    ReplyDelete