Monday, April 9, 2012

ကြက်ကင်သုပ်၊ ကြက်ဟင်းခါးသီးကြော်နှင့် ဒန့်သလွန်ရွက် ဟင်းချို

တစ်ယောက်ထဲဆို ဟုတ်တိပတ်တိ ချက်ပြုတ်မစားဖြစ်ရာကနေ အဒေါ် ခဏအလည်ရောက်လာတာနဲ့ ထမင်းဟင်း သေချာ ပြန်ချက်စားဖြစ်သွားတယ်။


အဲ့ဒီနေ့က အပြင်က ဝယ်လာတဲ့ ကြက်ကင်ကို အတုံးလေးတွေ တုံးပြီး သခွားသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့နဲ့ ဆီ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး သမအောင်နယ်လိုက်ပါတယ်။ အမြန်နည်းနဲ့ လုပ်လိုက်တဲ့ ကြက်ကင်သုပ်လေးပါ။



ကြက်ဟင်းခါးသီးကြော်


အဲ့တလောက အပြင်တွေပဲ ထွက်နေတာနဲ့ ရေခဲသေတ္တာထဲ ဘာရှိလဲ သေချာ မကြည့်မိတာကြောင့် ဟင်းချက်ဖို့ အသီးအရွက်တွေကို ကြည့်လိုက်တော့ ကြက်ဟင်းခါးသီးက အတော်ဝါနေပြီ။ အဲ့ဒါနဲ့ အိမ်မှာရှိတဲ့ ငါးသေတ္တားငါးဗူးထဲက ငါးတွေကို ချေပြီး အရင်ကြော်၊ ပြီးတော့ အစေ့ဖယ်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဟင်းခါးသီးထည့်၊ ငရုတ်သီးစိမ်းတွေ ပိုင်းထည့်ပြီး အလွယ်နည်းနဲ့ ကြော်လိုက်ပါတယ်။

ဒန့်သလွန်ရွက် ဟင်းချို


ဒန့်ဒလွန်ရွက်တွေလည်း အဲ့လိုပဲ နည်းနည်းဝါနေပြီမို့ တစ်ခါထဲ အပြတ်ရှင်းတဲ့သဘောနဲ့ ဟင်းရည်အိုးတည်၊ ခနောကြက်သားအရသာ တစ်ခဲထည့်၊ ပွက်တော့ အရွက်သင်၊ ရေဆေးထားတဲ့ ဒန့်ဒလွန်ရွက်တွေထည့်ပြီး ဟင်းရည်တစ်ခွက် ချက်လိုက်ပါတယ်။

(ပုံမှန်အားဖြင့်တော့ ကြက်သွန်ဖြူ ဒါးပြားရိုက်ထားတာ ထည့်လေ့ရှိပါတယ်။ အမြန်ချက်ချင်လို့ ဘာမှ မထည့်ဘဲ ဒီလိုပဲ ချက်လိုက်တာပါ။)

No comments:

Post a Comment