Sunday, February 6, 2011

ဆူရှီ (ခ) ဂျပန်ရေညှိ ထမင်းလိပ်



ဆူရှီကို ကြိုက်လို့ရော၊ လုပ်ရတာလွယ်လို့ရော အဆင်သင့်သလို မကြာမကြာ လုပ်စားဖြစ်ပါတယ်။ ကျမကတော့ ဆူရှီကို ထည့်ချင်တာထည့်ပြီး လိပ်ပါတယ်။ ဆိုင်တွေမှာရောင်းတာနဲ့ တူတူ မတူတူ စားကောင်းရင် ပြီးတာပဲလို့ပဲ သဘောထားပါတယ်။

၁။ အရင်ဆုံး ဆူရှီထဲ ထည့်ချင်တဲ့ အစာပလာတွေကို Ovenထဲ ထည့်ပြီး အရင်ကင်ပါတယ်။ Ham Sausage၊ မုန်လာဥနီ၊ မှိုအသေး၊ ငရုတ်သီးပွတောင့်။ မကင်ချင်ရင် ရေနွေးငွေ့နဲ့ပဲပေါင်းပေါင်း၊ ပြုတ်ပြုတ် ရပါတယ်။



၂။ ထမင်းလိပ်လုပ်ချင်သလောက် ပမာဏ ထမင်းကို နှမ်းဆီနည်းနည်း၊ ဆားသင့်ရုံထည့်ပြီး သမအောင် ဇွန်းနဲ့ နယ်ပါတယ်။

၃။ ရေညှိရွက်ပေါ်ကို ထမင်းခပ်ပါးပါး ညီအောင်ခင်းပါတယ်။ ခင်းပြီးရင် ဇွန်းလေးနဲ့ နဲနဲလိုက်ပြားပါတယ်။ လိပ်တဲ့အခါမှာ ကျစ်နေအောင်လို့ပါ။



၎။ ကင်ထားတဲ့ အစာတွေကို စလိပ်မယ့်နေရာနဲ့ ခပ်နီးနီးမှာ စီပြီးတင်ပါတယ်။ (ငရုတ်သီးကင်ကို မထည့်ပါဘူး။ စပ်မှာစိုးလို့။ စားချင်မှ ကိုက်စားဖို့ ထားလိုက်ပါတယ်။)



၅။ ဘယ်၊ညာနှစ်ဘက် ညီအောင် ခပ်ကျစ်ကျစ် လိပ်ပါ။

၆။ ရေညှိ ထမင်းလိပ် အရှည်ကို လက်တစ်လုံးသာသာ အပိုင်းလေးတွေ ဖြတ်ပြီး ပန်းကန်ထဲထည့်ပြီးရင် စားချင်စဖွယ် အရသာရှိတဲ့ ဂျပန်ရေညှိ ထမင်းလိပ်ကို သုံးဆောင်နိုင်ပါပြီ။

(ရေညှိ ထမင်းလိပ်ကို အပိုင်းလေးတွေဖြတ်ဖို့ ဓါးထက်ထက်တစ်ချောင်းလိုပါတယ်။ မထက်ရင်၊ ဓါးသွေးကျောက် မရှိခဲ့ရင် ငရုတ်ဆုံ (သို့) ကြွေခွက် အောက်ခြေမှာ သွေးလို့ရပါတယ်။)

11 comments:

  1. မစနိုး ရေးထားတာ ဖတ်ရတာတော့ ဆူရှီ လုပ်နည်းလေးက လွယ်သလိုပဲနော်။ ရို့စ်လည်း ဆူရှီ သိပ်ကြိုက်တယ်။ ခဏ ခဏ ၀ယ်စားဖြစ်တယ်။ ကိုယ်တိုင်တော့ မလုပ်ဘူးသေးဘူး... ခက်တယ် ထင်လို့။

    ReplyDelete
  2. စမ်းပြီး လုပ်စားကြည့်ပါလား မရို့စ်။ တကယ်လွယ်ပါတယ်။ :)

    ReplyDelete
  3. ဆုရှီးကို နမ်းဆီနဲ့ နယ်မှတော့ ဘဲ့နဲ့ ဂျပန် ဆုရှိးဖြစ်မလဲ diet အစာဖြစ်မှတော့ ဆီမပါတဲ့အစာ လတ်လတ်ဆတ်ဆတ် အစိမ်းတွေ စားတဲ့ဆုရှိးတော့ ဒီဘလော့မှာ နာမည်ပျက်တာဘဲ။

    ဆုရှီးလုပ်နည်းလေး ပြန်လေ့လာပါအုန်း
    ဂျပန်တွေကြားရင် ရေမရှိတဲ့ခွက်ထဲ ရေနစ်သေချင်သွားကြမယ်

    ReplyDelete
  4. ဆုရှီးကို နမ်းဆီနဲ့ နယ်မှတော့ ဘဲ့နဲ့ ဂျပန် ဆုရှိးဖြစ်မလဲ diet အစာဖြစ်မှတော့ ဆီမပါတဲ့အစာ လတ်လတ်ဆတ်ဆတ် အစိမ်းတွေ စားတဲ့ဆုရှိးတော့ ဒီဘလော့မှာ နာမည်ပျက်တာဘဲ။

    ဆုရှီးလုပ်နည်းလေး ပြန်လေ့လာပါအုန်း

    ရေမရှိတဲ့ချောင်းနှာခေါင်းဖော်သေကြမယ်ထင်ပါရဲ့

    ReplyDelete
  5. A. ဆူရှီနဲ့ နီဂိရိ ကိုရောနေတာထင်တယ်. Whatever i like this food.

    ReplyDelete
  6. လာလည်ပါတယ်နော်..

    ReplyDelete
  7. စားချင်စ၇ာလေး

    ReplyDelete
  8. korea kimbap ကတောနှမ်းဆီထည်.တယ်။http://www.youtube.com/watch?v=ofr24Ywt28k

    ReplyDelete
  9. ရေညိုကိုရေစိမ်ရမှာလား. ဖြေပေးပါအုန်း

    ReplyDelete
  10. ရေညိုကိုရေစိမ်ရမှာလား. ဖြေပေးပါအုန်း

    ReplyDelete