Monday, February 14, 2011

ပဲစောင်းလျှားသီးသုပ်



အိမ်က အစ်မက ပဲစောင်းလျှားသီးသုပ်တာ သိပ်ကောင်းပါတယ်။ သူ့ကို ရေးပေးဖို့ ပြောထားတာ ကြာပြီ။ သူမအားတာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ရေးလိုက်ပါတယ်။

၁။ ပဲစောင်းလျှားသီးတွေကို ဘေးအမျှင်သင်၊ ဆီပါလေကာလေးထည့်ပြီး ပြုတ်ပါတယ်။

၂။ ပြုတ်ထားတဲ့ ပဲစောင်းလျှားသီးတွေကို ပါးပါးလှီးပါတယ်။

၃။ ကြက်သွန်နီကို အခွံသင်၊ ပါးပါးလှီးပြီး ဆီချက်လုပ်ထားပါတယ်။

၎။ မြေပဲလှော်နဲ့ ပုစွန်ခြောက်ကို ထောင်းထားပါတယ်။

၅။ ပဲစောင်းလျားသီးထဲကို ကြက်သွန်နီဆီချက်၊ မြေပဲနဲ့ ပုစွန်ခြောက်ထောင်း၊ ပဲမှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးအလှော်မှုန့်၊ သံပုရာရည် သင့်ရုံထည့်ပြီး သမအောင် နယ်ပါ။ စိမ့်စိမ့်လေးနဲ့ အရသာရှိတဲ့ ပဲစောင်းလျှားသီးသုပ် တစ်ပွဲ ရပါပြီ။

2 comments:

  1. ပဲစောင်းလျားသီးအရမ်းကြိုက်တယ်..
    သုပ်တော့မစားဖူးဘူး..ဒါပေမယ့်ကောင်းမှာသေချာတယ်

    ReplyDelete
  2. ပဲစောင်းလျားသီးသုပ်ကြိုက်တယ်.. ဒါပေမယ့် လွယ်လွယ် ပြုတ်ပြီးစားဖြစ်တာ များနေတယ်..

    ReplyDelete