Sunday, February 6, 2011

ဗယာကြော်



အရင်က ဗယာကြော်ကို အမြဲတမ်း အသင့်သုံး အမှုန့်တွေနဲ့ပဲ ကြော်ဖူးတာ။ ဒီတစ်ခါတော့ ကိုယ်တိုင် အစအဆုံးလုပ်ပြီး စမ်းကြော်ကြည့်ပါတယ်။

၁။ အရင်ဆုံး ကုလားပဲတွေကို ဂဲဖယ်ပြီး မုန့်ဖုတ်တဲ့ ဆော်ဒါ ဇွန်းဖျားလေးနဲ့ နည်းနည်းထည့်ပြီး တစ်ည ရေစိမ်ထားပါတယ်။

၂။ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ညကတည်းက ပါးပါးလှီးထားပါတယ်။ နဲနဲခြောက်အောင်လို့ပါ။ ဂျင်း လက်တစ်ဆစ်လောက်ကိုလည်း အခွံခွာထားလိုက်ပါတယ်။



၃။ နောက်တစ်နေ့ မနက်ဆိုရင် ညက ရေစိမ်ထားတဲ့ ပဲတွေ ပွလာပြီမို့ ရေစင်အောင်ဆေးပြီး၊ ဂျင်းနဲ့ ရောထောင်းပါတယ်။ တော်တော်လေး ညက်အောင် ညောင်းနေအောင် ထောင်းရပါတယ်။ (နောက်တစ်ခါတော့ Blenderထဲ ထည့်ကြိတ်တာ၊ ဒါမှမဟုတ် အသင့်သုံး အမှုန့်ပဲ သုံးပါတော့မယ်။ ထောင်းရတာ အရမ်းကို ပင်ပန်းပါတယ်။)



၎။ နံနံပင်ကို ပါးပါးလှီးပါတယ်။ (တကယ်က ပူစီနံ ထည့်ရင် ပိုလိုက်ပါတယ်။ မရှိလို့ ရှိတာပဲ ထည့်လိုက်ပါတယ်။)

၅။ ထောင်းထားတဲ့ ပဲကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ အကြော်မှုန့်၊ မဆလာ၊ ဆား အနည်းငယ်၊ ရေနည်းနည်းနဲ့ ရောပြီး သမအောင် နယ်ပါတယ်။ (ရေထည့်တာ နည်းနည်းများသွားလို့ အကြော်မှုန့်ကို အဖြည့်အနေနဲ့ ထည့်လိုက်ရပါတယ်။ ပုံမှန်ဆို မထည့်ဘူးလို့ ထင်ပါတယ်။ သူများဘလော့ဂ်တွေမှာ လိုက်ရှာဖတ်လိုက်ပါဦးမယ်။ :))



၆။ ဆီအိုးထဲကို ဆီခပ်များများထည့်ပြီး ဆီပူလာရင် ဇွန်း၂ချောင်းသုံးပြီး ဗယာကြော်တွေကို အနေတော် အရွယ်အစားရအောင် အိုးထဲကို စီထည့်ပါတယ်။

၇။ ဗယာကြော်တွေကို ဟိုဘက်ဒီဘက်လှန်ပေးပြီး အကျက်ညီရင် ဆယ်လို့ရပါပြီ။

တကယ်တော့ ဗယာကြော်ကို အရင်တစ်ခါကလည်း ကြော်ဖူးပါတယ်။ ခုတစ်ခါ ကိုယ်တိုင်ထောင်းပြီး ကြော်တာမို့ မှတ်တမ်းတင်လိုက်ချင်လို့ ပို့စ်အဖြစ် ထပ်ရေးလိုက်ပါတယ်။

3 comments:

  1. ဗယာကြော် ကြိုက်တယ်
    ဗယာကြော်မှုန့်တော့ ကိုယ်တို့ဖက်မှာ
    မရဘူး။ ဒါကြောင့် ကြိတ်ပြီး ကြော်စားတယ်။

    ReplyDelete
  2. ကူးလဲကြိုက်တယ်.. ဒါပေမယ့် ကိုယ်တိုင်ကြော်တာ ready-made နဲ့ဘဲကြော်တော့စားမကောင်းဘူး..
    အစဆုံးလဲလုပ်ဖို့က မလွယ်ပြန်ဘူးရယ်..

    ReplyDelete
  3. ဗယာကြော်ကြိုက်တယ်..ကိုယ်တိုင်လည်းကြော်တာမကောင်းဘူး..စားသွားတယ်အများကြီးပဲ..

    ReplyDelete