Friday, December 16, 2011

ငါးသေတ္တာဟင်း၊ ပဲကြာဇံသုပ်နှင့် မှိုကန်ဇွန်းကြော်

ငါးသေတ္တာဗူးတွေကို ရေကြီးတုန်းက ဝယ်ထားတာ မစားဖြစ်ဘဲရှိနေတာနဲ့ ငါးသေတ္တာဟင်းချက်စားဖြစ်လိုက်ပါတယ်။


၁။ ပုံမှန် အသားဟင်းတွေ ချက်သလိုပဲ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆီသတ်၊ ဆီသတ်တာ ကျက်ပြီဆိုရင် ငါးသေတ္တာဗူးဖောက်ထည့်၊ နည်းနည်းမွှေ၊ ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပြီး အဖုံးအုပ်၊ မီးပိတ်ထားလိုက်ရင် ခဏလေးနဲ့ ငါးသေတ္တာဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါတယ်။

ပဲကြာဇံသုပ်


ပဲကြာဇံကို ကြိုက်လို့ အိမ်မှာအသင့်ရှိတဲ့ အဆာပလာတွေ ထည့်ပြီး မကြာမကြာသုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ကြွက်နားရွက်မှိုနဲ့ ဝက်သားတွေ ရှိနေလို့ အခုလို သုပ်လိုက်ပါတယ်။


၁။ ပဲကြာဇံတစ်ထုပ် (အသေး)ကို ရေစိမ်၊ နူးရင် အရွယ်တော်အပိုင်းလေးတွေ ဖြတ်ထားပါတယ်။

၂။ ဝက်သား ထည့်ချင်သလောက်ကို တောက်တောက်စင်းပြီး ပဲငံပြာရည်၊ ဆား၊ အချိုမှုန့်သင့်ရုံထည့်ပြီး နယ်ထားပါတယ်။

၃။ ကြွက်နားရွက်မှိုတွေကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါတယ်။

၎။ ဆီ ပါလေကာထည့်ထားတဲ့အိုးထဲကို ဝက်သားတွေထည့်ကြော်ပါတယ်။

၅။ ဝက်သားတွေ ကျက်လုပြီဆိုရင် ကြွက်နားရွက်မှိုထည့်၊ ရေကို မှိုနူးရုံ နည်းနည်းထည့်ပြီး ကျက်အောင်လုပ်ပါတယ်။

၆။ ပြီးရင် ပဲကြာဇံထည့်၊ ရေပါလေရုံထည့်ပြီး ကျက်အောင်လုပ်ပါတယ်။

၇။ နောက်ဆုံးမှာ ဆား၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပုရာရည်တို့ ရောမွှေထားတဲ့ ဆော့စ်အရည်ကိုဆမ်းပြီး သမအောင် မွှေပြီးတဲ့အခါ ချဉ်၊ ငံ၊ စပ် ပဲကြာဇံသုပ်တစ်ပွဲရပါပြီ။

မှိုကန်ဇွန်းကြော်


အရွက်ကြော်အတွက် အိမ်မှာ အသင့်ရှိနေတဲ့ မှိုနဲ့ ကန်ဇွန်းရွက်ကို ကြက်သွန်ဖြူ မထည့်တော့ပဲ ဆီပါလေကာလေးထဲ့လှိမ့်ပြီး ဆား၊ အချိုမှုန့်သင့်ရုံထည့်၊ ငရုတ်သီးစိမ်းလေးအုပ်ပြီး အလွတ်ကြော်လိုက်ပါတယ်။

6 comments:

  1. ပဲကြာဇံ သုပ်လေးနဲ့ မှိုကန်ဇွန်းတော့အ၀တီးခဲ့ပါတယ်

    ReplyDelete
  2. ဟင်းတွေကြည့်ပြီး သွားရေကျနေမိတယ်ဗျာ
    မချက်တတ်တော့ခက်သားပဲ

    ReplyDelete
  3. ဗိုက်ဆာဆာနဲ့ ဘလော့တွေ လျှောက်လည်နေတာ
    ဒီဘလော့လည်းရောက်ရော သည်းမခံနိုင်တော့ဘူး Snow ရေ။
    စားချင်စဖွယ်လေးတွေ စုံလင်နေတော့.....
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ထမင်းစားပြီးပေမဲ့ ဟင်းတွေကြည့်ပြီး ဗိုက်က ဆာလာပြန်တယ်
    တော်တော်ဆိုးတဲ့ ဗိုက်း)
    ဟင်းတွေကလည်း စားချင်စရာကိုး ဗိုက်က ဘယ်နေနိုင်မှာလဲနော်

    ReplyDelete
  5. ကန်ဇွန်းရွက်ဆို သိပ်ကြိုက်တာ။ ဘယ်လောက်စားစား မရိုးဘူး။
    စကားမစပ်... ညီမကို ဒီတက်ဂ်ပို့စ်မှာ တက်ဂ်ထားတယ်နော်။ http://redroseofburma.blogspot.com/2011/12/tag.html အဆင်ပြေရင် ရေးပေးနော်။ ဟိုတခါလိုတော့ တက်ဂ်ပို့စ် ရေးလို့ မပြီးမချင်း ဟင်းချက်တဲ့ပို့စ်တွေ မရေးဘူးလို့ မဆုံးဖြတ်နဲ့နော်.. တော်ကြာ ၁ လ လောက်ပြန်ပျောက်သွားမှာ စိုးလို့း))

    ReplyDelete
  6. မစံပါယ်၊ ဘိုဖြူ၊ တီတင့်၊ မချောနဲ့ မရို့စ်..
    အခုလို လာအားပေးတာ ကျေးဇူးပါရှင်.. =)

    မရို့စ်..
    ဒီတစ်ခါ အရင်လို အချိန်မဆွဲတော့ပါဘူး အစ်မ.. အတတ်နိုင်ဆုံး မြန်မြန်ရေးပါ့မယ်.. :D အခုလို မှတ်မှတ်ရရ လာတဂ်တာ ကျေးဇူးပါ..။

    ReplyDelete