Wednesday, December 7, 2011

ကြက်ဥဟင်းနှင့် မုန်ညှင်းဖြူဟင်းချို



အသားတွေပဲစားရတာ ငြီးငွေ့လာတဲ့အခါမျိုးမှာ အပြောင်းအလဲအဖြစ် ကြက်ဥဟင်း ချက်စားရတာ တစ်မျိုးစားကောင်းပါတယ်။

ကြက်ဥကို ကြက်ဥချဉ်ရည်ဟင်းလို မန်ကျည်းမှည့်ထည့်ချက်တာကို သိပ်မကြိုက်လို့ ခရမ်းချဉ်သီး၊ ကြက်သွန်နဲ့ ပုံမှန် အသားဟင်းတွေ ချက်တဲ့ ပုံစံနဲ့ပဲ ချက်လိုက်ပါတယ်။

၁။ ကြက်ဥတွေကို ကျက်အောင်ပြုတ်ပြီး အခွံခွာ၊ ဆီပူထဲမှာ အပြင်အကာကြွပ်အောင် အရင်ကြော်ထားပါတယ်။


၂။ မြန်မာဟင်းတွေ ချက်မယ်ဆိုရင် မချက်ခင် အမြဲ အသင့်ပြင်ထားရတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါတယ်။


၃။ ငရုတ်သီးစိမ်းလေးကတော့ စားချင်ရင် စားလို့ရအောင် နည်းနည်းထည့်ဖို့ အညှာခြွေထားပါတယ်။

၎။ ကြက်သွန်တွေကို ဆီသတ်ပြီး ကျက်ရင် ခရမ်းချဉ်သီးကို လိတ်တဲ့အထိ ဆီထည့်သတ်ပါတယ်။

၅။ ငရုတ်သီး အရောင်တင်မှုန့်၊ ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါတယ်။ (အရောင်တင်မှုန့်ကို ကြက်သွန်ဆီသတ်တုန်းထည့်ရင် မွှန်တတ်လို့ နောက်မှပဲ ထည့်လိုက်ပါတယ်။)

၆။ အနှစ်တွေ ရပြီဆိုရင် ကြက်ဥ ပြုတ် ကြော်တွေကို ဓါးနဲ့မွှမ်းပြီး ထည့်၊ ရေနည်းနည်း မြုပ်အောင်ထည့်၊ အိုးမကပ်အောင် မကြာ၊ မကြာမွှေပေးပြီး ရေခန်း၊ ဆီပြန်တဲ့အထိ ချက်လိုက်ပါတယ်။

မုန်ညှင်းဖြူဟင်းချိုကတော့ အရမ်းကို လွယ်ပြီး မြန်ပါတယ်။

၁။ မုန်ညှင်းဖြူတွေကို ရေစင်အောင်ဆေး၊ အရွယ်တော်အနေဖြတ်ထားပါတယ်။

၂။ ရေလိုသလောက် ထည့်ထားတဲ့အိုးထဲကို ခနော မှိုဟင်းရည်အခဲတစ်ခဲထည့်ပြီး ဟင်းရည်ပွက်အောင် တည်ပါတယ်။

၃။ ဟင်းရည်ပွက်ရင် မုန်ညှင်းတွေထည့်ပြီး အဖုံးပိတ်ထားပါတယ်။ ခဏကြာရင် မုန်ညှင်းတွေလည်း ကျက်ပြီမို့ မီးပိတ်ပြီး ပန်းကန်ထဲထည့် သုံးဆောင်နိုင်ပါပြီ။

8 comments:

  1. ကြက်ဥဟင်းလေးက စားချင်စရာ.. :)

    ReplyDelete
  2. အရောင်လေးက လှတော့ ပို ဆွဲဆောင်အား ကောင်းနေပြန်တယ်
    စားချင်းတယ်

    ReplyDelete
  3. အရမ်းကောင်းပါတယ်..
    သူငယ်ချင်းတွေကိုလည်း ပြောပြဖို့ ကူသွားပါတယ်နော်

    ReplyDelete
  4. ချက်စားလိုက်တယ် ဟင်းရည်. နဲနဲ နီးစပ်အောင်လုပ်ပြီး။

    ReplyDelete
  5. Snow ရေ တီတင့်ခရီးထွက်နေလို့ အခုမှ လာအားပေးသွားတယ်နော်း)
    မနက်ဖြန်အတွက် ဟင်းတစ်ခွက်ရပြီမို့ ကျေးဇူးပါ။ စားချင်စဖွယ်ကြက်ဥဟင်းနဲ့ မုန်ညှင်းဖြူဟင်းချိုပါလား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အစ်မ ခဥမ၊ မြူးမြူး၊ မချော၊ အနောနီးမတ်စ်နဲ့ တီတင့်..
    ကျေးဇူးပါရှင်.. =)

    ReplyDelete
  7. ချက်တတ်ရင်ကောင်းတယ် ချက်နည်းအသစ် pluss ပေါ့

    ReplyDelete