Monday, August 22, 2011

မနက်စာလေးများ

မုန့်ဟင်းခါး (ငရုတ်သီးမှုန့် မပါ။)
မုန့်ဟင်းခါး
မုန့်ဟင်းခါး ဟင်းရည် (ပုံမှန်က ကြာစွယ်နဲ့ပဲ ချက်တာ၊ ခုမှ ငှက်ပျောအူ ရှာတွေ့လို့။ ငှက်ပျောအူနဲ့ ချက်တာက ကြာစွယ်နဲ့ထက် ပို လက်ဝင်တယ်။ နုတာလည်း ရှားတော့ စားလို့ အဆင်ပြေတာရဖို့ သိပ်တော့ မလွယ်လှဘူး။ ကြာစွယ်နဲ့က တော်တော်ပို စားကောင်းတယ်။)
ဗယာကြော် (မွှေးတံဆိပ်။)
ပဲသီးစိမ်း (မုန့်ဟင်းခါးထဲ ထည့်စားဖို့။)
အရင်က မကြာမကြာချက်လေ့ရှိတဲ့ မုန့်ဟင်းခါး ဟင်းရည်ပုံစံ (ကြာစွယ်နဲ့။)
ရခိုင်မုန့်တီ (အိမ့်စည်းစိမ် - တီချမ်းဆီက။)
ကြက်သွန်စိမ်းနဲ့ နံနံပင် (ရခိုင်မုန့်တီထဲ ထည့်စားဖို့။)
ကြာဇံကြော် (မုန်ညှင်းဖြူရယ်၊ ကြက်ဥရယ်နဲ့။)
ကြက်သား ခေါက်ဆွဲသုပ် (ရှမ်းခေါက်ဆွဲသားနဲ့၊ ပဲမှုန့် ထည့်သုပ်ထားတာ။)
ကြက်သား ခေါက်ဆွဲသုပ် (ပဲမှုန့်မပါ)
ကြက်သား ကောက်ညှင်းထုပ်ကို မထုပ်ဘဲ ချက်လိုက်တာ။ (ကြက်သားကို အရင်ကြော်၊ ပြီးရင် မှိုထည့်ပြီး ဆက်ကြော်ထားတာကို ကောက်ညှင်းဆန်ထဲထည့်၊ ပဲငံပြာရည် အနောက်ထည့်၊ ဆား သင့်ရုံထည့်၊ ဘဲဥဆားစိမ်ထည့်၊ မြေပဲထည့်၊ သမအောင်နယ်ပြီး ပေါင်းထားတာပါ။ မြေပဲ နဲနဲများသွားတာက လွဲလို့ စားလို့ အရမ်းကောင်းပဲ။)
ပဲကောက်ညှင်းပေါင်း (နဲနဲပြဲသွားတယ်။)
လက်ဖက်ရည် (စူပါတီးမစ်+နို့ဆီ)

4 comments:

  1. မုန့်ဟင်းခါးကို နံနက်စာ အဖြစ် စားရတာ အနှစ်သက်ဆုံးပဲ။ စနိုးချက်ထားတာ စားချင်စရာလေး။ ဒီမှာတော့ ငှက်ပျောအူလည်း မရှိ၊ ကြာစွယ်လည်း မရှိ။

    ReplyDelete
  2. တူတူပဲ မရို့စ်။ ဒီမှာတော့ ကိုယ်တိုင်ချက်မှ စားရတာ များတော့ မနက်စာတင်မကပဲ နေ့လည်စာ၊ ညနေစာတွေပါ ဆက်စားပစ်လိုက်တယ်။ ခုထိ ဘယ်လောက်စားစား မမုန်းနိုင်ဘူး။
    တစ်ခါ တစ်ခါ ကြာစွယ် ဝယ်ထားတာ မရှိရင် ဒီအတိုင်း ကြက်သွန်ဥလေးတွေနဲ့ပဲ အထုပ်ဖောက်ပြီး ချက်လိုက်တယ်။ အဲ့ဒါမျိုးလည်း မဆိုးပါဘူး အစ်မ။ အလွမ်းပြေ၊ အာသာပြေပေါ့။ :)

    ReplyDelete
  3. အမလေး ကြီးတော် နောက်ကို မုန်းဟင်းခါးလေး ဘာလေး ချက်ရင် ခေါ်ပါအုံး မဟုတ်ရင် လဲ ပေါင်းချက်ကြမယ်လေ ဒီမှာ လူ က ၂ ယောက်တည်း မောင်က မစားတော့ ငတ်နေတာ ကြာပြီ

    ReplyDelete
  4. အမရေ
    မုန်.ဟင်းခါးကို ကြာစွယ်နဲ.ချက်တယ်ဆိုတာ ဌက်ပျောအူအစား ကြာစွယ်ထည်.တာကိုပြောတာလားဟင်။ ကျမက တခါမှမကြားဖူးလို.မေးကြည်.တာပါ၊ ပြီးတော. ဘယ်လိုအရသာမျိုးလဲဟင်။ ကျမတို.ဆီမှာလဲ ဌက်ပျောအူက လုံးဝရှာမရဘူးလေ။ ကြာစွယ်တော.ရှိတယ်။ အဲ.ဒါကြောင်.သေချာအောင်မေးကြည်.တာပါ။
    မုန်.ဟင်းခါးကို ကြာစွယ်နဲ.ချက်တာဆိုတော. အရမ်းစိတ်ဝင်စားသွားပြီး၊ အိပ်ငိုက်ငိုက်နဲ. ဘလော.ဂ်တွေလိုက်ဖတ်နေတဲ.မျက်လုံးတောင်ပြူးသွားတယ်။

    ReplyDelete