Monday, August 8, 2011

ဝက်သား ငပိချက်နှင့် ချဉ်စပ်ဟင်းချို

အိမ်မှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်တွေ အများကြီး ရှိနေတာနဲ့ ဝက်သားငပိချက်ကို အဲ့ဒီဆီချက်တွေနဲ့ ခရမ်းချဉ်သီး ၃လုံး ပါးပါးလှီး၊ ငပိစိမ်း စားပွဲဇွန်း ၂ဇွန်း ရေဖျော်ထည့်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်၊ ရေထည့်ပြီး လုံးချက်လိုက်တာ၊ ဆီတော့ တော်တော်များသွားလို့ ခပ်ထုတ်ပစ်ရတယ်။ အခုလို ဆီချက်တွေရှိနေတော့ ဟင်းချက်ရတာ အရမ်းကို လွယ်သွားပါတယ်။

ဝက်သားကို ဆား၊ ဆနွင်းနယ်ထားပုံ
ကြက်သွန်နီ ဆီချက်
ကြက်သွန်ဖြူ ဆီချက်

ချဉ်စပ်ဟင်းချို
ဝက်သားဟင်းနဲ့ လိုက်အောင် အအီပြေ ချဉ်စပ်ဟင်းချိုလေးပါ။ ခနော တုံ့ယမ်အတုံးနှစ်တုံးထည့်၊ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းထည့်ပြီး ဟင်းရည်ပွက်အောင် အရင်တည်ထားပါတယ်။ ဟင်းရည်ပွက်ရင် မုန်ညင်းဖြူထည့်၊ ကြက်ဥ တို့ဖူးထည့်၊ အရသာမြည်းကြည့်ပြီး ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ဆက်တည်ထားပါတယ်။ ဟင်းရည်ဆူပြီဆိုရင် နံနံပင်ခတ်ပြီး သုံးဆောင်လို့ ရပါပြီ။

ငရုတ်သီးစိမ်း ၄တောင့်၊ ခရမ်းချဉ်သီး တစ်လုံး၊ မုန်ညှင်းဖြူ ၁ရွက်၊ ကြက်ဥတို့ဖူး တစ်ထုပ်၊ နံနံပင်အနည်းငယ်

6 comments:

  1. မီနာလိုလိုက်တာ နော်...မီစားရလို့ပါမမရေ :)

    ReplyDelete
  2. ဝက်သားငပိချက်လေးက စားချင်စဖွယ်ပါလား
    ကောင်းမှာသေချာတယ်

    ReplyDelete
  3. ဖြစ်ကတတ်ဆန်းတွေလုပ်ပြန်ပြီ ဆီချက်နဲ့ ဟင်းချက်ရတယ်လို့ ပဲ
    တကယ့် မိန်းမပဲ

    ReplyDelete
  4. အိန်ဂျယ်ပါ စားဖို့ ချက်ထားတာ.. စားသွားရောပေါ့။ :)

    မချော.. ကျေးဇူး အထူးပါ။ :)

    တီချမ်း.. မိန်းမဆိုတာ အိမ်တွင်းမှုကို ကြီးကြီးကျယ်ကျယ်ကြီးတွေ လျှောက်လုပ်စရာ မလိုဘူး။ ရှိတာနဲ့ အဆင်ပြေအောင် စီမံတတ်ရင် ရပြီ။ ဒါလည်း မိန်းမတစ်ယောက်ရဲ့ အရည်အချင်းပဲ။ မသိသေး၊ မတတ်သေးရင် လာသင်ပါ။ ကုသိုလ်ဖြစ် သင်ပေးမယ်။

    ReplyDelete
  5. ကန်းဇွန်းရိုးနီစားချင်နေတာ..းD...

    ReplyDelete
  6. စားချင် စဖွယ်လေးပါ.. ခုနေစားလိုက်ရရင် ကောင်းမှာ..

    ReplyDelete