Wednesday, March 16, 2011

ကြက်ဥတို့ဟူး၊ ပုဇွန်ဟင်း


ဒီဟင်းကို လွန်ခဲ့တဲ့ ၅-၆နှစ်လောက်က ရန်ကုန်မှာရှိတဲ့ ထိုင်းဆိုင် တစ်ဆိုင်မှာ စားဖူးခဲ့တာ။ ဘယ်လိုအရသာမျိုးလဲဆိုတာ သေချာ မမှတ်မိတော့လို့ မှန်းပြီး ချက်လိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ ၂မြှောင့်ကို ဇကာစိတ်စိပ်ထား၊ ကြက်သွန်နီ ၁ဥကို ၈စိတ်စိပ်၊ ကြက်သွန်မြိတ် ၂ပင်ကို ၂လက်မအရှည်လောက် ဖြတ်ထားပါတယ်။

၂။ ကြက်ဥ ၁လုံးကို ခေါက်ထားပါတယ်။

၃။ ပုဇွန်ကို ၁၅ကောင်ကို အခွံခွာထားပါတယ်။

၎။ ကြက်ဥတို့ဟူးနှစ်တောင့်ကို ဖောက်ပြီး ၁လက်မ အထူလောက် အပိုင်းလေးတွေဖြတ်ပြီး၊ ဆီအိုးထဲ ဆီခပ်များများထည့်ပြီး အပေါ်ယံလေးတွေ ညိုရောင်သန်းအောင် ကြော်ပါတယ်။ ကြော်တဲ့အခါမှာ အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပေးပါ။ ပြီးရင် ဆီစစ်ပြီး ပန်းကန်နဲ့ သတ်သတ်ဖယ်ထားပါ။ ဟင်းချက်ဖို့ ဆီတွေက များနေမှာမို့ လိုသလောက်ပဲချန်ထားပြီး ကျန်ဆီတွေကို ပန်းကန်တစ်လုံးနဲ့ သတ်သတ်ဖယ်ထားပါ။

၅။ ကြက်သွန်ဖြူကို အရင်ဆီသတ်၊ ကျက်ရင် ကြက်သွန်နီထည့်ကြော်၊ ညိုရောင်သန်းလာရင် ပုဇွန်ထည့်ကြော်ပါတယ်။

၆။ ပုဇွန်ကျက်ပြီဆိုရင် ရေနည်းနည်းထည့်၊ ပဲငံပြာရည်နဲ့ ဆားသင့်ရုံထည့်ပြီး ကြက်ဥကို ဖြည်းဖြည်းချင်း အမျှင်လေးတွေဖြစ်အောင်လောင်းထည့်ပြီး မွှေပါတယ်။

၆။ ပြီးရင် ကြော်ထားတဲ့ ကြက်ဥတိုဟူးထည့်၊ ရောမွှေ၊ ကြက်သွန်မြိတ်နဲ့ငရုတ်ကောင်းအုပ်ပြီး အဖုံးခဏပိတ်ထားပါ။ ခဏကြာရင် အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ ကြက်ဥတို့ဟူး၊ ပုဇွန်ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။

အိမ်မှာ ဘာဟင်းချက်ချက် ဆီနည်းနည်းပဲသုံးတော့ ဟင်းတွေက သိပ်မလှဘူး ဖြစ်နေတယ်။ ဒီဟင်းက ဆီနဲနဲပိုများရင် ပိုကောင်းမယ်ထင်ပါတယ်။ နောက်ပြီး ကြက်ဥထည့်ပုံက ဆိုင်တွေမှာလို အမျှင်လေးတွေဖြစ်မနေဘူး။ ဘာလို့လည်းဆိုတာလည်း မသိဘူး။ သိရင် ပြောပြပေးသွားကြပါရှင်။ ကျေးဇူးတင်ပါတယ်။

6 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)March 17, 2011 at 4:29 AM

    အမျှင်ဖြစ်ဖို့က ကြက်ဥခေါက်ထားတဲ့ အရည်ကို အပေါ်ခပ်မြင့်မြင့်နေ နည်းနည်းချင်းဖြေးဖြေးလေး လောင်းချမှ ဖြစ်မယ်လို့ ထင်ပါတယ်.. ကျွန်မ မုန့်ဟင်းခါး ဟင်းရည်ချက်ရင် ခုလိုအပေါ်ကနေ လောင်းချပါတယ်.. ကြက်ဥတိုဖူးကိုသိပ်ကြိုက်ပါတယ်..

    ReplyDelete
  2. ညီမေ၇

    ဟင်းထဲမှာ အ၇ည်ဆူဆူလေး ၇ှိနေမှ ကြက်ဥကအမျှင် ဖြစ်တယ်။ ဆီများ၇င် ကြက်ဥတွေက လိပ်သွားပြီး အမျှင်မဖြစ်တော.ဘူးလို.ထင်တယ်။

    ReplyDelete
  3. ကူးလဲဟင်းလှအောင်မလုပ်တတ်ဘူး။ အရသာကောင်းရင်ပြီးရောစားလိုက် တာဘဲ။။း))

    ReplyDelete
  4. မချောနဲ့ Anonymousကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ နောက်တစ်ခါ စမ်းလုပ်ကြည့်ပါဦးမယ်။

    မကူး.. အစ်မဟင်းတွေက ရုပ်မဆိုးပါဘူး။ အစ်မဆီက ဟင်းချက်နည်းတွေ လာလာကြည့်ပြီး မစားဖူးတာတွေ လုပ်လုပ်ကြည့်ဖူးတယ်။ စားကောင်းတယ် အစ်မ။ အဲ့ဒီ့အတွက် အစ်မကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. ကြက်ဥကို ခေါက်တဲ့အချိန်မှာလဲ ရေနဲနဲရောထည့်ပြီးမှ ပွအောင်ခေါက်ထားပါ။ ဟင်းအိုးထဲကို ကြက်ဥထည့်ချိန်မှာလဲ အိုးထဲမှာ ရေဆူဆူရှိဖို့လိုပါတယ်။ ထည့်တဲ့အချိန်မှာ ပန်းကန်ကိုခပ်မြင့်မြင့်မှာထားပြီး ဖြေးဖြေးလေးချင်းအမျှင် ဆွဲပြီးထည့်ပါ။ အဲလိုထည့်နေချိန်မှာလဲ အိုးကိုအဆက်မပြတ်မွှေပေးနေပါ။ အဲဒါဆို အမျှင်လေးတွေဖြစ်ပါတယ်။ ပြီးရင်ဟင်းအိုးကို သိပ်အကြာကြီးဆက်မ တည်ပါနဲ့တော့။ တည်တာကြာပြီး ရေခြောက်သွားရင်ဥကမာသွားပြီး ပြန်ခဲသွားတတ်ပါတယ်။

    ReplyDelete
  6. @Anonymous: Thank you very much! I'll try that next time I cook. :)

    ReplyDelete