Wednesday, March 9, 2011
ဝက်သား၊ မုန်ညှင်းချဉ်ကြော်
ဒီနေ့တော့ အိမ်ထမင်းမစားရတာ ကြာပြီမို့ ခံတွင်းမြိန်ဟင်းအဖြစ် အဆင်သင့်ချဉ်ထားတဲ့ မုန်ညှင်းချဉ်ကို ဝက်သားနဲ့ ရောကြော်ပါတယ်။
၁။ ငရုတ်သီးစိမ်း၊ နံနံပင်နဲ့ ဝက်သားကို ပါးပါးလှီးပါတယ်။
၂။ ဝက်သားကို ဆားအနည်းငယ်၊ ပဲငံပြာရည် အပျစ်အနည်းငယ်ထည့်ပြီး သမအောင် နယ်ထားပါတယ်။
၃။ မုန်ညှင်းချဉ်ကို ထည့်ကြော်ချင်သလောက် ထုတ်ထားပါတယ်။
၎။ ဆီအိုးတည်ပြီး ဆီကျက်ရင် ဝက်သားကို နီအောင်ကြော်၊ ပြီးရင် မုန်ညှင်းချဉ်၊ ငရုတ်သီးစိမ်း၊ နံနံပင်ထည့်၊ အချိုမှုန့် သင့်ရုံထည့်ပြီး ကြော်ပါ။ အားလုံး သမသွားရင် ရပါပြီ။ ဝက်သား၊ မုန်ညှင်းချဉ်ကြော်က အကြာကြီး ကြော်စရာမလိုပါဘူး။
ငရုတ်သီးစိမ်းနဲ့ နံနံပင်နံ့လေး သင်းနေတဲ့ ဝက်သား၊ မုန်ညှင်းချဉ်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
* မုန်ညှင်းချဉ်ကို ဆီစိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ အချိုမှုန့်လေးနည်းနည်းနဲ့ သုပ်စားရင်လည်း စားကောင်းပါတယ်။
2 comments:
  1. ချော(အစိမ်းရောင်လွင်ပြင်)March 9, 2011 at 6:25 AM
    မုန်ညှင်းချဉ်က ကိုယ်တိုင်လုပ်တာလားဟင်း)
    မစားဖြစ်တာကြာပြီ. ခုတော့သတိရသွားတယ်..
    ReplyDelete
  2. @Ma Chaw: မုန်ညှင်းချဉ်လုပ်နည်းက အောက်မှာ ရေးထားပါတယ်။ အန်တီချမ်းရဲ့နည်းနဲ့ လုပ်ထားတာ။ တစ်ခါလုပ်ပြီး အကြာကြီးအစားခံလို့ အရမ်းအဆင်ပြေတယ်။ :)
    ReplyDelete