Wednesday, March 16, 2011

ကြက်ကင်သုပ်


ဒီနေ့ညနေ အိမ်နားမှာ ကြက်သားကင်ဆိုင်တွေ့တာနဲ့ ကြက်ကင်သုပ်စားဖြစ်ပါတယ်။ ကြက်ကင်သုပ်က ကြက်ကင်ကို ဝယ်ပြီး သူ့မှာပါတဲ့ အချဉ်ရည်နဲ့သုပ်တာမို့ ကိုယ်တိုင်ဘာမှ လုပ်ဖို့မလိုသလောက်ပါပဲ။ ကိုယ့်ဘာသာလုပ်စားမယ်ဆိုရင် လုပ်စားလို့ရအောင် ကြက်ကင်နည်းနဲ့ အချဉ်လုပ်နည်းကို အောက်မှာ ရေးထားပါတယ်။

၁။ အရင်ဆုံး ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးကို ပါးပါးလှီးပါတယ်။

၂။ ကြက်သားကင်ကို အရိုးဖယ်ပြီး အသားတွေကို မျှင်ထားပါတယ်။

၃။ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သားကင်တို့ကို နယ်မယ့် ဇလုံထဲထည့်ပြီး အချဉ်ရည်၊ ဆီအနည်းငယ်၊ ငံပြာရည်သင့်ရုံ၊ ဆားသင့်ရုံထည့်ပြီး သမအောင် နယ်ပါ။ လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ ကြက်ကင်သုပ်တစ်ပွဲကို သုံးဆောင်နိုင်ပါပြီ။

ကြက်ကင်လုပ်နည်း

ခရုဆီအနည်းငယ်၊ ဆား၊ ငရုတ်ကောင်းသင့်ရုံနဲ့ ကြက်သားကို နှံ့အောင် နယ်ပြီး ခဏနှပ်ထားပြီး ovenထဲထည့်၊ ၅မိနစ်ကင်၊ ပြီးရင် ဟိုဘက်ဒီဘက်လှန်ပြီး ၅မိနစ်ထပ်ကင်ပေးပါ။ အနံ့မွှေးလာပြီး ညိုရောင်သန်းလာရင် ရပါပြီ။

အချဉ်လုပ်နည်း

မန်ကျည်းမှည့်ရည်ခပ်ကျဲကျဲလေးထဲကို ငရုတ်သီး အကျက်မှုန့်၊ ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး ဖျော်လိုက်ရင် ကြက်ကင် (သို့) ကြက်ကင်သုပ်နဲ့ စားဖို့ အချဉ်ရည် ရပါပြီ။

5 comments:

  1. ကြက်ကင်သုပ်စားသွားတယ်ဗျို့ဘယ်သူမှမစားရသေးဘူး
    ထင်တယ်၊ဦးဖယ်ထာခဲ့တယ်နော်။

    ReplyDelete
  2. ကြက်ကင်သုပ်လာစားပါတယ်.. :)

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)March 16, 2011 at 4:28 PM

    အပေါ်က ၂ယောက်စားလို့ကုန်ပြီထင်ရဲ့
    ရှိတာစားသွားမယ် ခရမ်းချဉ်သီးတွေချည်း ကျန်တယ် ထင်တယ်....
း)

    ReplyDelete
  4. သူပြောတော့လဲ လွယ်လိုက်တာ
    ကြက်ကင်က

    ReplyDelete
  5. မငွေစန္ဒာ၊ မဆန်နီ - အားမနာတမ်း သုံးဆောင်ပါရှင်။ :)

    မချော - အများကြီး သုပ်ထားပါတယ်အစ်မ။ ကျန်ဦးမှာပါ။ :)

    အန်တီချမ်း - အလွယ်နည်းကိုး။ လွယ်မှာပေါ့။ :D

    ReplyDelete