
ဟိုတစ်နေ့က ချက်တဲ့ ကြက်ဥတို့ဟူး၊ ပုဇွန်ဟင်းထဲက ပုဇွန်တွေကို အိမ်က သခင်မလေးက ညှီလို့ဆိုပြီး မစားပါဘူး။ ဒါပေမယ့် ပုဇွန်အစိမ်းတွေကလည်း ကျန်နေသေးတော့ မညှီအောင် ကြက်သွန်ဖြူနိုင်ချင်းနဲ့ အနံပျောက် အခြောက်ချက်လိုက်ပါတယ်။ ကြက်သွန်ဖြူ တူးမှာစိုးလို့ ဆီပိုထည့်လိုက်တာ ဆီတော့ နည်းနည်းများသွားတယ်။
၁။ ကြက်သွန်ဖြူ ၈မြှောင့်ကို ထောင်းထားပါတယ်။
၂။ ပုဇွန်တွေကို အခွံခွာထားပါတယ်။
၃။ ဆီအိုးတည်ပြီး ကြက်သွန်ဖြူတွေကို ရွှေဝါရောင်ဖြစ်အောင် ကြော်ပါတယ်။
၎။ ကြက်သွန်ဖြူရရင် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းလောက်ထည့်၊ ငံပြာရည် ဟင်းချက်ဇွန်းနဲ့ ၁ဇွန်းထည့်ပြီး တစ်ချက်မွှေ၊ ပြီးရင် ပုဇွန်ထည့်ပြီး ခြောက်သွားတဲ့အထိ ကြော်ပါတယ်။ ပုဇွန်လေး တင်းတင်းရင်းရင်း ဖြစ်သွားပြီဆိုရင် ဟင်းကျက်ပါပြီ။
ထမင်းပူပူလေးနဲ့ နယ်ပြီးစားရင် အရမ်းကို စားကောင်းပါတယ်။