Monday, March 5, 2012

ကြက်ဥတို့ဟူးဟင်း၊ ပဲကြာဇံသုပ်နှင့် ဝက်သား၊ ခရမ်းဂျွတ်သီးဟင်း

အိမ်မှာ အစ်မပြန်သွားကတည်းက တစ်ယောက်ထဲမို့ သေချာဟင်းမချက်ဖြစ်တာ အရမ်းကိုကြာသွားတာနဲ့ ဘလော့ကို ပစ်ထားမိသွားတယ်။ ကွန်ပြူတာပျက်သွားရာကနေ စလိုက်တာ ဘာလိုလိုနဲ့ နှစ်လကျော်လို့ သုံးလထဲတောင်ဝင်လာပြီမို့ ဒီလိုတော့ မဖြစ်သေးပါဘူးဆိုပြီး မရောက် ရောက်အောင် ပြန်လာခဲ့လိုက်ပါတယ်။

ဟင်းတွေကတော့ တစ်ယောက်ထဲမို့ တစ်နေ့ကို နှစ်ခွက်ထက် ပိုမချက်ဖြစ်တာကြောင့် ချက်ပြီးသားတွေကို ပေါင်းစုပြီး တင်လိုက်တာပါ။

ကြက်ဥတို့ဟူးဟင်း

 

ဒီဟင်းကို ရန်ကုန်က ထိုင်းဆိုင်တစ်ဆိုင်မှာ စစားဖူးခဲ့ရာကစပြီး ကြုံရင် ကြုံသလို၊ ကြုံရာတွေနဲ့ တွဲဖက်ပြီး ချက်လေ့ရှိခဲ့ပါတယ်။

ဒီတစ်ခါတော့ ခရမ်းချဉ်သီး၊ ကြက်သွန်တွေနဲ့ မြန်မာဟင်းဆီပြန်ပုံစံချက်လိုက်ပါတယ်။ ကြက်ဥတို့ဟူးဟင်းကို အနှစ်များများနဲ့ စားချင်လို့ အနှစ်အတွက် အစာပလာတွေကို ခပ်များများထည့်လိုက်ပါတယ်။



၁။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို အခွံနွှာ၊ ရေဆေးပြီး စကာစိပ်စိတ်ထားပါတယ်။

၂။ ခရမ်းချဉ်သီးတွေကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။

၃။ ငရုတ်သီးစိမ်းတွေကို ထက်ဝက်ပိုင်းထားပါတယ်။

 

၎။ ကြက်ဥတို့ဟူးတွေကို အနေတော် အပိုင်းလေးတွေ ပိုင်းထားပါတယ်။

၅။ ဆီအိုးထဲကို ဆီခပ်များများထည့်ပြီး ဆီပူလာတဲ့အခါ ကြက်ဥတို့ဟူးတွေကို ထည့်ပြီး အနားလေးတွေ ညိုဝါရောင်သန်းတဲ့အထိ ကြော်ပါတယ်။


ကြော်တဲ့အခါ မမွှေဘဲ အိုးကိုပဲ နည်းနည်းလှုပ်ပေးပြီး ကြော်ပါတယ်။ တစ်ခြမ်းက ညိုလာပြီဆိုမှ တစ်ဖက်ကို လှန်ပေးပြီး ဆက်ကြော်ပါတယ်။ တို့ဟူးတွေက အတော်ကြေလွယ်လို့ နည်းနည်းတော့ သတိထားရပါတယ်။

၆။ တို့ဟူးတွေ ကြော်ပြီးတဲ့အခါ ဆီစစ်ပြီး ဆယ်ထားပါတယ်။


၇။ ကျန်နေတဲ့ဆီကို လိုတိုး၊ ပိုလျှော့လုပ်ပြီး ဟင်းအနှစ်အတွက် အရင်ဆုံးကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကိုထည့်၊ ဆီသတ်ပါတယ်။

၈။ ကြက်သွန်တွေ ကျက်ပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိတ်တဲ့အထိ ဆီသတ်ပါတယ်။ တစ်ခါထည်း ငရုတ်သီး အရောင်တင်မှုန့် သင့်ရုံကိုပါ ထည့်ပါတယ်။ အရသာအတွက် ပဲငံပြာရည်၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါတယ်။

၉။ ဟင်းအနှစ်ရပြီဆိုရင် ကြက်ဥတို့ဟူးဆယ်ထားတာတွေထည့်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်မြိတ်တွေထည့်၊ သမအောင်မွှေပြီး ခဏနေရင် ရပြီမို့ သုံးဆောင်လို့ ရပါပြီ။

ပဲကြာဇံသုပ်


ပဲကြာဇံသုပ်ကတော့ ကရိကထသိပ်မများလို့ ညနေစာ ထမင်းလွတ်စားဖို့ သုပ်လိုက်တာပါ။

၁။ ခရမ်းချဉ်သီး၊ ပူစီနံနဲ့ ပြုတ်ထားတဲ့ ကြွက်နားရွက်မှိုတို့ကို ခပ်ပါးပါး ကတ်ကြေးနဲ့ ညှပ်ထားပါတယ်။

၂။ ဘဲဥအငံတစ်လုံးကို ကြော်ပြီး ခပ်သေးသေးညှပ်ထားပါတယ်။

၃။ ပြုတ်ထားတဲ့ ပဲကြာဇံကို အနေတော်အရှည်ရအောင် ညှပ်ထားပါတယ်။


၎။ သုပ်မယ့် ဇလုံထဲကို အဆာတွေ အကုန်ထည့်၊ နှမ်းဆီ၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်သင့်ရုံထည့်၊ သံပုရာသီးတစ်ခြမ်း အရည်ညှစ်ထည့်ပြီး သမအောင်နယ်လိုက်ရင် ပဲကြာဇံသုပ်တစ်ပွဲ ရပါပြီ။

ဝက်သား၊ ခရမ်းဂျွတ်သီးဟင်း


ဒီဟင်းကတော့ အရမ်းကို လွယ်လွန်းပါတယ်။ လွယ်ဆို loboတံဆိပ် ready made - Holy Basil Seasoning Paste အထုပ်နဲ့ ချက်တာမို့ပါ။

ဒီအထုပ်ကို အိမ်ကို ခဏအလည်လာတဲ့ ညီမတစ်ယောက်ကသုံးမှ စသိခဲ့တာ။ အဲ့ဒီအထုပ်နဲ့ သူချက်ကျွေးတဲ့ ကြက်အသဲအမြစ်ဟင်းက အတော်ကိုကောင်းလို့ နောက်ပိုင်း အလျှင်းသင့်ရင် သင့်သလို အဲ့ဒါနဲ့ ချက်ဖြစ်သွားတယ်။

 

၁။ ဒီဟင်းချက်ဖို့အတွက် ဝက်သားကို သေးသေးနုတ်နုတ်လေးတွေလှီးထားပြီး ဟင်းအနှစ်ထုပ် တစ်ဝက်နဲ့ သမအောင် နယ်ထားပါတယ်။

၂။ ခရမ်းဂျွတ်သီး ၂လုံးကို အရွယ်တော် အပိုင်းတွေ ပိုင်းထားပါတယ်။

၃။ ဟင်းအိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီပူလာရင် ဝက်သားတွေ ထည့်ကြော်ပါတယ်။

၎။ ဝက်သားတွေ ကျက်သလောက်ရှိရင် ခရမ်းဂျွတ်သီးထည့်၊ ဆား၊ အချိုမှုန့်နည်းနည်းစီထည့်ပြီး သမအောင်မွှေ၊ အိုးအဖုံးခဏအုပ်ထားပါတယ်။

၅။ ခဏကြာရင် နည်းနည်းထပ်မွှေပေးပြီး မီးပိတ်လို့ရပါပြီ။

အရမ်းကို လွယ်ပြီး စားလို့ အတော်ကိုကောင်းတဲ့ဟင်းတစ်ခွက်ပါ။ အနှစ်ထုပ်ဝယ်မရရင်တော့ ဒီလောက်မလွယ်၊ မမြန်တော့ဘူးပေါ့နော်။

14 comments:

  1. သူချည်းဘဲစားတယ်ပေါ့။

    ReplyDelete
    Replies
    1. ဆားနဲ့ပါ ဘုရား

      Delete
    2. အစ်မ.. တစ်ယောက်ထဲ ဝမ်းနည်းစွာ စားနေရတဲ့ ဘဝလေးပါ..။

      ကိုကို.. သွေးတွေ တိုးမယ်။

      Delete
    3. ဟော်တော့ မဟုတ်ဘူးလေ ကျုပ်က သူမေးလို့ပြန်ဖြေတာလေ ရှင်ဆိုတာလဲ ရာဇဝင်တွေမကျေဘူးကို


      ပုံ
      မောင်ပေါ်ဦး

      Delete
  2. ဟုတ်ပါ့ဗျာ

    ReplyDelete
    Replies
    1. ဒီလူက လူမှုရေးတွေ ဘာတွေ လုပ်လို့ပါလား.. :think:

      Delete
  3. ကောင်းထှာ A

    ReplyDelete
  4. ကောင်းမယ့်ပုံလေး နောက်တစ်ခါကျ ချက်စားကြည့်မယ်
    ကြာဇံသုတ်လဲကြိုက်တယ်
    ခင်တဲ့ jasmine

    ReplyDelete
    Replies
    1. ဟုတ် အစ်မ။ စမ်းကြည့်ပါနော်.. စားလို့ မဆိုးဘူးရယ်..။ :)

      Delete
  5. ဝက်သားခရမ်းကျွတ်သီးလေးက မစားဖူးဘူး
    စားချင်စိတ်ပေါက်တယ်။
    ကြက်ဥတိုဖူးလည်း ကြိုက်တယ်.. နူးနူးညံ့ညံ့လေးမို့လေ..
    မကြော်ဘဲ ချက်ထားတာ ပိုကြိုက်တယ်
    ကြော်လိုက်ရင် နည်းနည်းမာသွားတယ်ထင်မိလို့...

    ReplyDelete
    Replies
    1. Thanks for the visit, Sis!

      I used to visit yours and learn the way you cook as you do great dishes. :-)

      Delete
    2. စားခဲ့သမျှထဲမှာတော့ ဒီကြာဇံသုပ်လေးကအကောင်းဆုံးပဲ..............
      VERY THIS LIKE

      Delete