Wednesday, January 11, 2012

ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ်...


အားလုံးပဲ နှစ်သစ်မင်္ဂလာပါရှင်...

မရို့စ်တဂ်ထားတဲ့ ဒီပို့စ်လေးကို ရန်ကုန်မပြန်ခင် ရေးသွားမယ်လို့ စိတ်ကူးထားပေမယ့် မပြန်ခင်လုပ်စရာကိစ္စတွေ ရှုပ်နေတာနဲ့ပဲ အခု ပြန်ရောက်မှ ရေးဖြစ်ပါတော့တယ်။


♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

 - ခရစ်စမတ်ရယ်မဟုတ်ဘဲ ဒီဇင်ဘာရောက်ရင်ကိုပဲ တစ်ခြားလတွေနဲ့မတူဘဲ ထူးထူးခြားခြား စိတ်ထဲမှာ တက်တက်ကြွကြွနဲ့ ပျော်နေမိပါတယ်။

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

 - မရှိပါရှင်။

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

- ခရစ်ယာန်ဘာသာဝင်မဟုတ်လို့ ခရစ်စမတ်အတွက် သိပ်ရင်ခုန်လှတယ်မရှိပေမယ့် နှင်းတွေကျတာကို ဘယ်လိုအခြေအနေမှာမဆို သဘောကျပါတယ်။ အရိုးခဲမတတ်အေးတာကိုတောင် ချမ်းချမ်းကြီးနဲ့ ကြိုက်ပါတယ်။ အမြဲနေရမယ်ဆိုရင်တော့ ဆက်ကြိုက်နေနိုင်ပါ့မလား မပြောတတ်ပါဘူး။

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။ 

- ခရီးထွက်ရတာကို အရမ်းကြိုက်လို့ ရုံးပိတ်ရက်တွေဆက်နေတိုင်း အခြေအနေပေးရင် ခရီးထွက်ချင်ပါတယ်။ ဒီပိတ်ရက်မှာတော့ ရန်ကုန်ကို ၃ပါတ်လောက် ပြန်ဖြစ်ခဲ့ပါတယ်။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

- ချစ်တဲ့ခင်တဲ့သူတွေကို သူတို့လိုအပ်နေတဲ့၊ သူတို့လိုချင်နေတဲ့ ပစ္စည်းလေးတွေကို ကိုယ်လည်းတတ်နိုင်တယ်ဆိုရင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးတတ်ပါတယ်။


♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

- မရှိဘူးလို့ ထင်ပါတယ်။ သေချာ မှတ်မှတ်သားသား ရှိမနေဘူးဆိုတော့ မရှိခဲ့ဖူးသေးလို့ ထင်ပါရဲ့။


♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

- ဘယ်သူနဲ့ တူတူရှိနေချင်တယ်လို့တော့  မဖြစ်ပါဘူး။ သူငယ်ချင်းကို တစ်ယောက်ထဲ ထားခဲ့ရတုန်းကတော့ နှစ်သစ်ကူးမှာ သူတစ်ယောက်ထဲ ကျန်ခဲ့ရတာကို စိတ်မကောင်းဖြစ်မိတယ်။


♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

- မရှိပါရှင်။


♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

- မရှိပါရှင်။


♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

- မရှိပါရှင်။


♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

- မရှိပါရှင်။


♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

- နှစ်တိုင်းလုပ်တာမဟုတ်ပေမယ့် စိတ်ကူးပေါက်တဲ့နှစ်တွေမှာ ခင်မင်သူတွေကို စာတိုက်ကနေ ပို့စ်ကဒ်တွေ ပို့ဖြစ်ပါတယ်။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

- နှစ်သစ်မှာ လူတိုင်း ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ နှစ်နှစ်ကာကာ ဆုတောင်းပေးပါတယ်ရှင်..။


ရွှင်လန်း၊ ချမ်းမြေ့ကြပါစေ..။

7 comments:

  1. ရိုးရိုးရှင်းရှင်းလေးဖြေထားတာတွေကိုခံစားဖတ်ခဲ့ပါတယ်ရှင်
    ၂၀၁၂ မှစပြီး ပျော်ရွှင်ပါစေ

    ReplyDelete
  2. တို့တော့ ဘာလက်ဆောင်မှ မရပါ့လား ချစ်သူခင်သူ မဟုတ်ဘူးထင်ပါ့
    အိ.....

    ReplyDelete
  3. တက်ဂ်ပို့စ်လေး ရေးပေးတာ ကျေးဇူးတင်ပါတယ် စနိုးရေ...။ ၂၀၁၂ မှာ စနိုးလည်း ပျော်ရွှင်ပါစေ။

    ReplyDelete
  4. တစ်နေ့တာတဂ်လေး အားပေးသွားပါတယ်မမရေ...

    ReplyDelete
  5. တစ်နေ့တာတဂ်ပို့စ်လေး ဖတ်သွားတယ် စနိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. မင်္ဂလာနှစ်သစ်ပါစနိုးရေ။
    အိုင်အိုရာ

    ReplyDelete
  7. မစံပါယ် - ကျေးဇူးပါ အစ်မ။ Same to you! :)

    တီချမ်း - အနားမှာ မရှိရင် သတိမရတတ်လို့ပါ.. မချစ်ခြင်း၊ ချစ်ခြင်းကြောင့် မဟုတ်ရကြောင်း။

    မရို့စ် - ကျေးဇူးပါ အစ်မ။ အစ်မလည်း ပျော်ရွှင်ပါစေ လို့။

    Angel - လာအားပေးတာ ကျေးဇူးပါ ညီမ။

    တီတင့် - ကျေးဇူးပါ တီတင့်။

    အိုင်အိုရာ - Same to you, Sis! :)

    ReplyDelete