Tuesday, March 25, 2014

ဂွေးသီး ငပိချက်


ဈေးမှာ ဂွေးသီးတွေတွေ့တာနဲ့ ဂွေးသီး ငပိချက် ချက်ဖို့ စိတ်ကူးရလို့ အခုလို ချက်လိုက်ပါတယ်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို အခွံသင်၊ ရေဆေးထားပါတယ်။


ဂွေးသီးနဲ့ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပြီး အနေတော် တုံးထားပါတယ်။


အထက်ပါ အမယ် ၄မျိုးကို သတ်သတ်စီခွဲပြီး ကြိတ်စက်နဲ့ ကြိတ်ထားပါတယ်။


ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်နဲ့ ငပိတို့ကို ရောထောင်းပါတယ်။ ငပိထောင်းဗူးက ဒေါ်ရွှေမိုး သုံးနေကျကို မရှိလို့ ရတဲ့ငပိထောင်းဗူး သုံးလိုက်တာ နည်းနည်းခါးသွားပါတယ်။ နောင်ဆိုရင်တော့ မသုံးခင် အရင်မြည်းကြည့်မှ ဖြစ်မယ်။


ဂွေးသီးငပိချက် ချက်ပြီး မြည်းကြည့်တာ မချဉ်တာနဲ့ အိမ်မှာ အသင့်ရှိနေတဲ့ ပန်းသီးရှာလကာရည်ကို ထည့်လိုက်၊ မြည်းလိုက်နဲ့ တစ်ဝက်လောက်ကျိုးမှ အရသာ ကိုယ်ကြိုက်တဲ့အနေရတော့တယ်။ စိတ်ကြိုက်ဖြစ်ပြီဆိုတော့ ဟင်းအိုးကို မီးပိတ်ပြီး ထားလိုက်ပါတယ်။ 

ထမင်းပူပူလေးနဲ့ဆို သူ့ချည်းစားလည်း စားလို့ကောင်းတဲ့ ဟင်းရံတစ်ခွက်ပါ။





3 comments:

  1. သိပ်ကြိုက်ပေါ့။
    ဟင်းလေးတွေချက်တင်ပါနော်။ လာအားပေးတယ်အမြဲ။
    အိုင်အိုရာ

    ReplyDelete
  2. ဟုတ်.. တင်မယ်ဆိုပြီး ဟင်းချက်ရင် ပုံတွေတော့ ရိုက်ထားမိတယ်.. ပုံမှန်သာမတင်ဖြစ်တာ။

    ခုလို ပြတ်တောင်း ပြတ်တောင်းပဲ တင်ဖြစ်နေတာကို လာအားပေးတာ ကျေးဇူးပါ အိုင်အိုရာ.. =)

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်

    ReplyDelete