Tuesday, March 18, 2014

အရွက်စုံ ရေညှိထမင်းလိပ်


- ကညွတ်
- baby corn 
- သခွားသီး 
- မုန်လာဥနီ 
- ကြက်ဥကြော်


အထက်ပါ အမယ်(၅)မျိုးထဲက ကညွတ်ကလွဲလို့ ကျန်(၄)မျိုးကို ပုံပါအတိုင်း အနေတော် အချောင်းလေးတွေလှီးထားပါတယ်။

ထမင်းကို ဂျပန်နှမ်းဆီမွှေး၊ ဆား၊ မရိုးနိစ်တို့နဲ့ ရောနယ်ပြီး ရေညှိပြားပေါ် ခပ်ပါးပါး ဖြန့်ခင်းပါတယ်။ ခင်းထားတဲ့ထမင်းပေါ် အစာပလာတွေကို ဘေးစွန်းနဲ့ ၁လက်မခွဲလောက်ကနေ ခွာထည့်ပြီး ခပ်ကျစ်ကျစ်လိပ်လိုက်ရင် ရေညှိထမင်းလိပ်ချောင်းတွေ ရပါပြီ။


ရေညှိထမင်းလိပ်ချောင်းတွေကို လှီးမယ့်ဓါးက အတော်ထက်ဖို့လိုပါတယ်။ အပိုင်းတွေ ပိုင်းတဲ့အခါ ထက်ဝက်စီ အဆင့်ဆင့်ပိုင်းသွားရင် ပိုအဆင်ပြေပါတယ်။

ရေညှိထမင်းလိပ်ကို ဆယ်လ်မွန်ငါး အသားလွှာ၊ မီဆောဟင်းချို၊ ပဲငံပြာရည်လေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်ရှင်။

2 comments:

  1. လွှသွားလိုဒါးနဲ့ဆို ပိုလွယ်မယ်ထင်တယ်။ အိမ်လုပ်ထမင်းလိပ်ဆို ဘေးစွန်းသားနှစ်ခုစားရတာ ပိုကြိုက်တယ်။

    ReplyDelete
    Replies
    1. အိမ်မှာ ပေါင်မုန့်လှီးတဲ့ လွှသွားလို ဒါနဲ့ လှီးတာ ဖွာသွားလို့။ ဒါးပဲ မထက်လို့လားတော့ မပြောတတ်ဘူး။ နောက်မှ သေချာသွေးပြီး စမ်းကြည့်ရမယ်။ =)

      Delete